ဘရိုက်တန် နှင့် လီဗာပူးလ်
လီဗာပူးလ်အသင်းက အာဆင်နယ်ကို သရေကျအပြီးမှာ ပြိုင်ပွဲစုံ (၈)ပွဲဆက် အနိုင်ရထားမှု ရပ်တန့်သွားခဲ့ရတယ်။ နည်းပြဟောင်း ယာဂန်ကလော့ပ်လက်ထက်မှာ လိဂ်ဖလားကို အလေးမထားတာကများပြီး လူငယ်ကစားသမားတွေကို အခွင့်အရေးပေးလေ့ရှိတယ်။ လက်ရှိနည်းပြ အာနယ်ဆလော့ကတော့ အနည်းငယ်အပြောင်းအလဲလုပ်ဖို့ရှိပေမဲ့ အသင်းပွဲ ထွက်စာရင်းက တောင့်တင်းမှုရှိလိမ့်မယ်။ စပါး၊ နယူးကာဆယ် အသင်းတွေကို အနိုင်ကစားထားတဲ့ ဘရိုက်တန်အသင်းအခု လီဗာပူးလ်ကိုရော ဘယ်လိုတုံ့ပြန်မလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘရိုက်တန်နဲ့ စွန့်စားသင့်တယ်။
နယူးကာဆယ် နှင့် ချယ်လ်ဆီး
နယူးကာဆယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်အရှုံးကို ပူပူနွေးနွေးပြန်ဆပ်နိုင်မယ့် အခွင့်အရေးရှိနေတယ်။ ဒီနှစ်သင်းက ပြီးခဲ့တဲ့ရာသီ လိဂ်ဖလား ကွာတားဖိုင်နယ်မှာလည်း တွေ့ဆုံခဲ့ကြပြီး ချယ်လ်ဆီးအသင်းက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကျော်ဖြတ်ခဲ့တယ်။ နှစ်သင်းစလုံး လူစုံမထုတ်ရင်တော့ အရန်အင်အားတောင့်တင်းတဲ့ ချယ်လ်ဆီးက တစ်ပန်းသာနေတယ်။ ဒီရာသီ လိဂ်ဖလားပွဲတွေမှာ နယူးကာဆယ်အသင်းရဲ့ရလဒ်ပိုင်းက မျှော်လင့်သလောက် မဖြစ်ခဲ့တာ တွေ့ရတယ်။ ဆုဖလားနဲ့ ဝေးနေတဲ့ ချယ်လ်ဆီးအသင်းဘက်က ရပ်တည်တာပိုကောင်းမယ်။
မန်ယူ နှင့် လက်စတာ
မန်ယူအသင်းက အခုရာသီမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ထပ်မံလုံးလည်ချာလည်လိုက်ရင်း ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ပရိသတ်ကျေနပ်အောင် ကစားပြဖို့လည်း လိုနေလို့ မန်ယူအသင်းပွဲထွက်စာရင်းက သိပ်အပြောင်းအလဲ မရှိလောက်ဘူး။ လက်စတာကတော့ လိဂ်ဖလားမှာ အောင်မြင်ရေးထက် ပရီးမီးယားလိဂ်ရှင်သန်ခွင့်က ပိုအရေးကြီးနေတယ်။ အစောပိုင်းအဆင့်တွေမှာလည်း အသင်းငယ်တွေနဲ့ တွေ့ဆုံခဲ့လို့ လက်စတာရဲ့ အာရုံစူးစိုက်မှု ရှိ၊ မရှိကို ခန့်မှန်းရခက်စေတယ်။ နိုင်ပွဲလိုနေတဲ့ မန်ယူအသင်းပဲ ကြိုက်တယ်။
ပရက်စတန် နှင့် အာဆင်နယ်
အာဆင်နယ်အသင်းက လိဂ်ဖလားပွဲတွေမှာ လိဂ်ချန်ပီယံရှစ်ကလပ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကထွက်ရတာ ၂၀၁၅ ခုနှစ်က နောက်ဆုံးဖြစ်ခဲ့တယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဘက်ကို အဓိကအာရုံစိုက်နေရလို့ အာဆင်နယ်အသင်း အရန်ကစားသမားတွေနဲ့ပဲ ပွဲထွက်လာဖို့ရှိတာ သေချာသလောက်ပါပဲ။ ပရက်စတန်အနေနဲ့ အာဆင်နယ်နဲ့ယှဉ်ရင် အဆင့်ချင်းကွာ လွန်းပေမဲ့ အထိုက်အလျောက် ဒုက္ခပေးနိုင်စွမ်းတော့ရှိတယ်။ အာဆင်နယ် သုံးဂိုးပြတ်ဖို့ မလွယ်လောက်ဘူး။
အက်စတွန်ဗီလာ နှင့် ခရစ္စတယ်ပဲလေ့စ်
ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အခြေအနေကောင်းနေတဲ့ အက်စတွန်ဗီလာအသင်း စစ်မျက်နှာသုံးခုစလုံး အခြေအနေကောင်းဖို့ထက် လိဂ်ဖလားကို စောစောစီးစီး လက်လွှတ်တာက ပိုပြီးဖြစ်နိုင်ခြေများပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ နောက်ဆုံးပွဲမှာ စပါးအသင်းကို အနိုင်ယူပြီး ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲ စရခဲ့တယ်။ ပဲလေ့စ်ကလည်း တန်းဆင်း ဇုန်ဖိအားရှိနေလို့ စောင့်ကြည့်ရမယ့်အနေအထားပါ။ ပဲလေ့စ်ကိုပဲ အရဲစွန့်ရွေးချယ်ချင်တယ်။
စပါး နှင့် မန်စီးတီး
မန်စီးတီးကို မကြာခဏ ဒုက္ခပေးတတ်တဲ့ အသင်းတွေထဲမှာ စပါးအသင်း ထိပ်ဆုံးကပါပါတယ်။ ဒါ့အပြင် စပါးအသင်းက ဒီရာသီ ပြိုင်ပွဲစုံ အိမ်ကွင်း (၆)ပွဲမှာ အာဆင်နယ်ကိုသာ အရေးနိမ့်ပြီး ကျန်ပွဲအားလုံး အနိုင်ကစားထားတယ်။ မန်စီးတီးအသင်းကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးသလို၊ နောက်ဆုံး(၅)ပွဲဆက်တိုက် အနိုင်ကစားထားတာ တွေ့ရတယ်။ မန်စီးတီးအနေနဲ့ ပြီးခဲ့တဲ့နှစ်ရာသီဆက် Big Six ပြင်ပက အသင်း တွေကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပေမဲ့ Big Six ပြိုင်ဘက်တွေ နဲ့ တွေ့ရင် ရလဒ်ကောင်းတာ များပါတယ်။ မန်စီးတီးအသင်းကိုပဲ ရွေးချယ်ချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
