လာမည့်နှစ်ဖေဖော်ဝါရီလတွင် ထိုးသတ်ဖွယ်ရှိသည့် ဒန်နီယဲလ်ဒူဘွာ နှင့် အန်သိုနီဂျိုရှူအာတို့၏မကျေပွဲ ပွဲဖြစ်မြောက်ရန် မသေချာကြောင်း ဂျိုရှူအာ၏ပွဲစီစဉ်သူ အက်ဒီဟန်းက ပြောကြားခဲ့သည်။
အက်ဒီဟန်းက ဂျိုရှူအာအနေဖြင့် ပွဲအတွက် အဆင်သင့်ဖြစ်ရန် အချိန်လိုအပ်ပြီး မေလသာ အသင့်တော်ဆုံးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက IBF ဟဲဗီးဝိတ်တန်းချန်ပီယံ ဗြိတိန်လက်ဝှေ့သမား ဒူဘွာအနေဖြင့် ချန်ပီယံကာကွယ်ပွဲကို လာမည့်နှစ် ဖေဖော်ဝါရီတွင် ထိုးသတ်မည်ဖြစ်ကြောင်း ၎င်း၏ပွဲစီစဉ်သူ ဖရန့်ဝါရန်က အတည်ပြုပြောကြားခဲ့သည်။
ဒူဘွာ(၂၇ နှစ်)သည် စက်တင်ဘာ (၂၁)ရက်က လန်ဒန်မြို့ရှိ ဝင်ဘလေကွင်း၌ ထိုးသတ်သည့် IBF ချန်ပီယံ ကာကွယ်ပွဲတွင် ဗြိတိန်တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရှူအာ(၃၅ နှစ်) ကို အလဲထိုးအနိုင်ရထားသည်။ ၎င်းအနေဖြင့် ဒုတိယမြောက် ချန်ပီယံ ကာကွယ်ပွဲကို ဖေဖော်ဝါရီတွင် ထိုးသတ်မည်ဖြစ်ပြီး ဂျိုရှူအာနှင့် မကျေပွဲ မထိုးဖြစ်ပါက အဆင့်သတ်မှတ်ချက် ထိပ်ဆုံးငါးဦးအနက် တစ်ဦးနှင့် ထိုးသတ်မည်ဖြစ်ကြောင်း ဖရန့်ဝါရန်က ဖွင့်ဟခဲ့သည်။
"သူ (ဒူဘွာ) က ချန်ပီယံပါ။ သူက သူ့ရဲ့ စည်းကမ်းအတိုင်း လုပ်ပါလိမ့်မယ်။ ဒန်နီယဲလ်က ဖေဖော်ဝါရီမှာ ချန်ပီယံခါးပတ်ကို ကာကွယ်ရမှာပါ။ ဂျိုရှူအာမဟုတ်ဘူးဆိုရင် အဆင့်သတ်မှတ်ချက် ထိပ်ဆုံးငါးဦးထဲက တစ်ယောက်နဲ့ ရင်ဆိုင်ပါလိမ့်မယ်" ဟု ၎င်းက ဗြိတိန်အခြေစိုက် Sky Sports သို့ ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
