အာဆင်နယ်နည်းပြ အာတီတာ က အသင်း၏ဒဏ်ရာရကစားသမားများနှင့်ပတ်သက်ပြီး ပြိုင်ဘက်နည်းပြများကို Mind Game ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာတီတာသည် လီဗာပူးလ်အသင်းနှင့် (၂-၂)ဂိုးဖြင့် သရေကျသည့်ပွဲတွင် ပွဲမတိုင်ခင်က ဒဏ်ရာပြဿနာကြောင့် ပါဝင်ရန်မသေချာဟုပြောကြားခဲ့သည့် တောင်ပံကစားသမား ဆာကာကို ပွဲထွက်စာရင်း၌ အံ့အားသင့်ဖွယ်အသုံးပြုသွားခဲ့သည်။
အာဆင်နယ်အသင်းအနေဖြင့် ပြိုင်ဘက်များထက် အသာရရန် အသင်းဒဏ်ရာရကစားသမားများနှင့်ပတ်သက်ပြီး အမှန်ပြောဆိုခြင်းမရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
ယခုအခါ အာတီတာက ၎င်း၏ကစားသမားများနှင့်ပတ်သက်ပြီး ပြိုင်ဘက်နည်းပြများ ခန့်မှန်းရခက်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဘယ်သူ့အတွက်မှ မလွယ်ကူစေချင်ပါဘူး။ ကျွန်တော်တို့နဲ့ ကစားမယ်ဆိုရင် ပြိုင်ဘက်တွေအနေနဲ့ အလုပ်လုပ်ဖို့၊ တွေးဖို့ လိုပါတယ်။ ပြိုင်ဘက်တွေအနေနဲ့ ကျွန်တော် အိမ်စာလုပ်သလို လုပ်ရမှာပါ။ ပြိုင်ဘက်အသင်းရဲ့ပွဲထွက်စာရင်းကို ကျွန်တော် သိချင်ပေမဲ့ မသိနိုင်ပါဘူး။ ခန့်မှန်းပြီး ပြင်ဆင်တာက ကျွန်တော်တို့အလုပ်ပါ။ ဘယ်သူကြံ့ခိုင်တယ်လို့ ကျွန်တော် ပြောနေမှာမဟုတ်ပါဘူး"ဟု ၎င်းက ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
