မလှိုင်မြို့နယ် သုံးတောင်ကျေးရွာတွင် အစာအဆိပ်သင့် သေဆုံးသွားသော ကလေးငယ်နှစ်ဦး၏ စစ်ဆေးချက်အား ဓာတုဗေဒရုံးသို့ ပို့ဆောင်စစ်ဆေးလျက်ရှိရာ ရက် ၂၀ ကျော်သည်အထိ ဆေးစာထွက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။
မလှိုင်မြို့နယ် သုံးတောင်ကျေးရွာနေ ကလေးငယ်နှစ်ဦးမှာ တန်ဆောင်မုန်းလပြည့်နေ့ ညက ပံ့သကူရှာဖွေစဉ် တွေ့ရှိရသော ကော်ဖီမစ်ထုပ် စားသုံးမိရာမှ အစာအဆိပ်သင့် သေဆုံးသွားသဖြင့် သေဆုံး ကလေးငယ်နှစ်ဦး၏ ရင်ခွဲစမ်းသပ် စစ်ဆေးချက်အား ဓာတုဗေဒရုံးသို့ ပို့ဆောင်စစ်ဆေးလျက်ရှိရာ လက်ရှိအချိန် ရက် ၂၀ ကျော်သည်အထိ ဆေးစာ မထွက်လာသေးကြောင်း စုံစမ်းသိရသည်။
နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက မလှိုင်မြို့နယ် နှောကန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် သူရကျော်သည် သုံးတောင်ကျေးရွာတွင် ကလေးငယ်နှစ်ဦး သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ မလှိုင်မြို့နယ် သုံးတောင်ကျေးရွာနေ ဦးနန်းလတ်၏ သမီးများဖြစ်သော မရွှေနန်းနွယ် (၁၃ နှစ်) ခြောက်တန်းကျောင်းသူ (အလက-သုံးတောင်) နှင့် ညီမအရင်းဖြစ်သူ ထက်နန်းနွယ် အသက် ခြောက်နှစ် ပထမတန်း ကျောင်းသူ (အလက-သုံးတောင်) တို့သည် သုံးတောင်ကျေးရွာအတွင်း ပံ့သကူပစ်ထားသော အထုပ်များအား လိုက်လံရှာဖွေ ကောက်ယူစဉ် ကာလတန်ဖိုး ၅၀ ကျပ်တန်တံဆိပ်ပါ ကော်ဖီိမစ်အသေးထုပ်အား တွေ့ရှိရသဖြင့် ကောက်ယူခဲ့ကာ ပံ့သကူအထုပ်များ ထပ်မံရှာ ဖွေရင်း ကော်ဖီမစ်ထုပ်အား ဖောက်ကာစားခဲ့ရာ (ယခင်က မည်သည့်အရာများ စားသုံးထားသည်ကို မသိရှိရသေး) အစာအဆိပ်သင့်ကာ မူးဝေအော့အန် သတိလစ်သွားသဖြင့် နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် ဆေးကုသမှုခံယူနေစဉ် နိုဝင်ဘာ ၁၁ ရက် ညပိုင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရှိရသည်။
“ဆေးစာ မထွက်သေးဘူးဗျ။ ဆေးစာမကျတော့ အတိအကျပြောလို့ မရသေးဘူး။ ဆေးစာက အဆိပ်အတောက် လိုအပ်တာ စစ်ရတာပေါ့။ ပုဒ်မပြောင်းတာ ဘာညာ မရှိသေးဘူး။ လောလောဆယ်တော့ ပြောမရသေးဘူး။ ကျွန်တော်တို့လည်း ဒါမျိုးမကြုံဖူးဘူး။ ဆေးစာရမှ သေရခြင်း အကြောင်းသိမှ ကျန်တာပြောလို့ ရမယ်”ဟု မလှိုင်မြို့နယ် နှောကန်နယ်မြေရဲစခန်းမှူး ရဲအုပ်အေးမင်း က ပြောကြားသည်။
အဆိုပါအမှုအား မလှိုင်မြို့နယ် နှောကန်ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂/ ၂၀၁၉ ဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
