အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အမှုတွင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ တရားလိုကို နှစ်ဖက်ရှေ့နေများက စစ်ဆေးပြီးသဖြင့် နောက်လာမည့်ရုံးချိန်းတွင် တရားလိုပြသက်သေအား စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (က)ဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား ဒီဇင်ဘာ ၃ ရက်က ရမည်းသင်းမြို့နယ် တရားရုံး၌ လေးကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလို ဦးအေးဇော်အား ဦးစိုးထွန်းရှိန်၏ရှေ့နေဘက်က ပြန်လှန်မေးမြန်းမှု ပြီးစီးခဲ့သဖြင့် လာမည့်ရုံးချိန်းနေ့တွင် တရားလိုပြသက်သေကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
“ ဦးအေးဇော်ကို ပြန်လှန်မေးခွန်းမေးတာ ပြီးပါတယ်။ ဥပဒေအရာရှိက ပြန်ရှင်း မေးခွန်းတစ်ခွန်းရှင်းတယ်။ ဥပဒေအရာရှိက ပြန်ရှင်းတယ်ဆိုတာက ဆရာတို့မေးတာနဲ့ သူတို့ကိုမေးခဲ့တုန်းက အဓိကစစ်ချက်မှာ ကွဲလွဲတဲ့ဟာကို ပြန်ရှင်းတာ။ အရေးကြီးတဲ့ အချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က မေးတဲ့ဟာနဲ့ တရားလိုဘက်က အရင်အဓိကစစ်ဆေးချက်မှာ စစ်ထားတာနဲ့ နည်းနည်းပါးပါး တိမ်းပါးမှုရှိရင် ပြန်ရှင်းရတယ်” ဟု ဦးစိုးထွန်းရှိန်ဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးလှိုင်ထွဏ်းက The Daily Eleven သတင်းစာ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ဦးစိုးထွန်းရှိန်အမှုနှင့် ပတ်သက်၍ တရားစွဲအဖွဲ့အစည်းက ရမည်းသင်းမြို့နယ် တရားရုံးသို့ တရားလို ဦးအေးဇော်အပါအဝင် တရားလိုပြသက်သေ ၁၈ ဦးတင်ပြခဲ့ပြီး လာမည့် ဒီဇင်ဘာ ၁၀ ရက်တွင် တရားလိုပြသက်သေအဖြစ် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေအား စစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။
အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်သည် ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက်၌ ရွှေတူးဖော်ခွင့်ပါမစ် ရပ်ဆိုင်းထားသော်လည်း ထပ်မံတူးဖော်ခဲ့ခြင်းကြောင့် သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် ရမည်းသင်းစခန်းတွင် အမှုဖွင့်၍ ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်ပြီး နိုဝင်ဘာ ၆ ရက်က ဦးစိုးထွန်းရှိန်အား ထိုင်းရဲတပ်ဖွဲ့က ဖမ်ဆီးရမိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
သတ္တုတွင်း ဥပဒေပုဒ်မ ၃၀ (က) ဖြင့် ရမည်းသင်းရဲစခန်းတွင် ဦးစိုးထွန်းရှိန်နှင့်အတူ အမှုဖွင့်ခံထားရသူ လေးဦးရှိပြီး ၎င်းတို့မှာ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
