ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် တရားဝင် အလုပ်သွားရောက် လုပ်ကိုင်ကြသော မြန်မာလုပ်သားများမှာ စာချုပ်စည်းကမ်းအတိုင်း လုပ်ကိုင်ခွင့်မရသလို လုပ်ခလစာ အပြည့်အဝ မရရှိခြင်းကြောင့် နေရပ်သို့ ပြန်ရောက်လာသူ အများအပြားရှိသော်လည်း အေဂျင်စီများက လာရောက်ဖြေရှင်းခြင်း မရှိသည့်အတွက် ဥပဒေအတိုင်း တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။
“မြန်မာနိုင်ငံက စသွားတုန်းက ကုန်ကျစရိတ်တွေ ။ လုပ်အားခ မရသေးတာတွေ ပြန်လိုချင်ပါတယ်။ ပို့ပေးတဲ့ အေဂျင်စီက်ုိ အရင်က ဆက်သွယ်ရပေမဲ့ ခုဆက်သွယ် မရတော့ဘူး။ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ လာရောက်ဖြေရှင်း မပေးရင်တော့ ဥပဒေအတိုင်း တရားစွဲဆိုသွားပါမယ် “ဟု လက်ပံတန်းမြို ့နယ် သိုင်းဝါးချောင်ကျေးရွာက ကိုနိုင်ဝင်းက ပြောကြားသည်။
“မြန်မာနိုင်ငံမှာ အလုပ်အကိုင်မရှိလို ့ ထိုင်းကို သွားခဲ့တာပေါ့ ။ပွဲစားကို ခုနစ်သိန်းခွဲ ပေးခဲ့ရတယ်။ နှစ်နှစ်စာချုပ်ချုပ်ပြီးတော့ MoU နဲ့ သွားခဲ့ကြတာပါ။ ထိုင်းမှာ ခြောက်လကျော် လုပ်တာ လုပ်ခလစာ တစ်လခွဲအတွက် လုပ်အားခ မရခဲ့ပါဘူး။ စာချုပ်ပါအတိုင်း အလုပ်နေရာလည်း မမှန်ဘူး။ နောက်ဆုံးတော့ ပြန်လာရတာပါပဲ “ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း၌ ပြည်သူအများစု ဝင်ရောက်လုပ်ကိုင်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးနေဆဲ ဖြစ်ခြင်းကြောင့် ငွေကျပ် ၁၀ သိန်းဝန်းကျင် အကုန်ကျခံကာ MoU လုပ်သားအဖြစ် တရားဝင်သွားရောက် လုပ်ကိုင်ခဲ့ကြသော်လည်း စာချုပ်ပါအတိုင်း အလုပ်မရသည့်အပြင် လုပ်ရလျှင်လည်း လုပ်ခလစာအပြည့်အဝ မရှိကြခြင်းကြောင့် နေထိုင်စားသောက်ရေး ခက်ခဲကာ မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ကိုးခုဖြင့် သွားရောက်ခဲ့သူ လုပ်သား တစ်ရာခန့် မြဝတီမြို့သို ့ပြန်ရောက်ခဲ့သော်လည်း နှစ်လကြာသည့်တိုင် တာဝန်ယူဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာ့အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုရဲမင်းက “မြန်မာပြည်တွင်းက သွားမယ့် အလုပ်သမား အသစ်တွေပေါ့နော်။ တချို့ဆိုရင် အောက်လမ်းကနေ သွားကြတယ်။ ကျွန်တော်ကတော့ မတက်စေချင်ဘူး။ ထိုင်းကိုရောက်ရင် အထောက်အထားမရှိတဲ့ဘဝနဲ့ ဖမ်းဆီးခံရမယ်။ ထောင်ကျမယ်။ ပြစ်ဒဏ်ကျပြီးတော့ ပြည်နှင်ဒဏ် ပေးခံရမယ်။ အသစ်သွားကြမယ့် အထူးသဖြင့်တော့ တောရွာက လူတွေ ညီငယ် ညီမငယ်တွေကို ပြောချင်တာကတော့ သက်ဆိုင်ရာ နယ်ပွဲစားတွေကို အရမ်းကြီး မယုံစေချင်ပါဘူး” ဟု ပြောကြားသည်။
မြန်မာအလုပ်သမားများမှာ ထိုင်းနိုင်ငံသို ့ MoU လုပ်သားအဖြစ် နေ့စဉ် ရာနှင့်ချီ၍ ထွက်ခွာနေကြသော်လည်း စာချုပ်ပါအတိုင်း အလုပ်နေရာ မမှန်ခြင်း၊ အလုပ်အကိုင် မရရှိခြင်း၊ လုပ်ခလစာ အပြည့်အဝ မရရှိခြင်းကြောင့် နေရပ်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ အများအပြားရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
