မသန်စွမ်းသူများ အလွယ်တကူသွားလာနိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်တွင် အများပြည်သူသုံး မော်တော်ယာဉ်များ၊ လူသွားလမ်းများအား မသန်စွမ်းသူများ အသုံးပြုနိုင်ရေး အဆင့်မြှင့်တင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
နေပြည်တော်ရှိ MICC-2 တွင် ဒီဇင်ဘာ ၃ ရက်က ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အထိမ်းအမှတ် အခမ်းအနား၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်မိန့်ခွန်း ပြောကြားရာ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ မသန်စွမ်းသူများ အလွယ်တကူသွားလာနိုင်ရေးနဲ့ စပ်လျဉ်းပြီး ရန်ကုန်မြို့မှာ ‘Future We Want’ စမ်းသပ်စီမံကိန်းဖြင့် အများပြည်သူသုံး မော်တော်ယာဉ်များ၊ လူသွားလမ်းများအား မသန်စွမ်းသူများ အသုံးပြုနိုင်ရေး အဆင့်မြှင့်တင်ရန် အစိုးရနဲ့ကျွမ်းကျင်သူများ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ နေပြည်တော်တွင်လည်း မြို့မစျေးနှင့် ရေပန်းဥယျာဉ်တို့မှာ အလားတူစီမံကိန်းနှစ်ခုတို့ကို မသန်စွမ်းသူများအတွက် ပြင်ဆင်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယသမ္မတက ပြောကြားသည်။
လက်ရှိတွင် နေပြည်တော်ရှိ မြို့မစျေးနှင့် ရေပန်းဥယျာဉ်၌ မသန်စွမ်းသူအားလုံးသွားလာနိုင်ရန်နှင့် အခြားသူများနည်းတူ ပျော်ရွှင်မှုများ ခံစားနိုင်စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီတို့ဖြင့် အစီအစဉ်ရေးဆွဲထားကြောင်း သိရသည်။
“ မြို့မစျေးနဲ့ ရေပန်းဥယျာဉ်မှာ မသန်စွမ်းသူအားလုံး သွားလာနိုင်အောင် တခြားသူတွေလို ပျော်ရွှင်မှုတွေ ခံစားလို့ရအောင်ဆိုပြီး ကနဦး စီမံကိန်းဆောင်ရွက်မှုတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ကောင်စီတို့နဲ့အတူ ကျွန်တော်တို့ အစီအစဉ်ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ဒါတွေကိုလည်း ဆက်လက်အကောင်အထည် ဖော်သွားပါမယ်။ နေပြည်တော် မြို့မစျေးနဲ့ ရေပန်းဥယျာဉ်ကတော့ လက်ရှိ ဘတ်ဂျက်ရရှိဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဘတ်ဂျက်ရရှိရင်တော့ အစည်းအဝေးထပ်ခေါ်ပြီးတော့ ကာလအပိုင်းအခြားအလိုက် ဆောင်ရွက်မယ်။ အဓိကကတော့ ၂၀၂၀ အမီ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ပြန်လည်ထူထောင်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက သတင်းမီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ထို့ပြင် နိုင်ငံအတွင်းရှိသည့် မသန်စွမ်းသူများအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရေးရာ၊ သုတေသန၊ စောင့်ကြည့်အကဲဖြတ်၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်များရေးရာ၊ နည်းပညာနှင့် လက်လှမ်းမီရရှိနိုင်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေ၊ တရားမျှတမှု ရရှိပိုင်ခွင့်စသည့် ဆပ်ကော်မတီ ကိုးခုအား ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစွမ်းရည်ရက ဆိုသည်။
ထို့ပြင် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ပေါ်ထွက်လာစေရေးအတွက် မသန်စွမ်းမှုအဆင့်ကို သတ်မှတ်ဖော်ထုတ်မည့် မွေးကင်းစမှ အသက် ၁၈ နှစ်အထိ မေးခွန်းလွှာအား UNICEF မြန်မာနှင့် ပူးပေါင်း၍ ပြုစုထားရှိကြောင်း သိရသည်။
မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းအတွက် ပြီးခဲ့သည့် စက်တင်ဘာမှစ၍ ၂၀၂၀ ပြည့်နှစ် ဧပြီအထိ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနှင့် ကရင်ပြည်နယ် ဘားအံမြို့တို့တွင် ကနဦးစီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ ကောက်ယူပြီးရင် ဒီလုပ်ငန်းစဉ်က မသန်စွမ်းသူတွေကို ကဏ္ဍအသီးသီးမှာပါဝင် ဆောင်ရွက်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။ ပညာရေးမှာ မသန်စွမ်းမှုအဆင့် သတ်မှတ်ချက်အရ အရမ်းဆိုးရွားတဲ့ အခြေအနေ ရှိတယ်။ အဲဒီတော့ သူ့မှာပညာသင်ယူချင်တဲ့ စိတ်ရှိတယ်ပေါ့။ ပညာသင်ယူတဲ့စိတ်ရှိတာကို သူ့ကို အထောက်အကူဖြစ်ဖို့ရာကို မသန်စွမ်းအဆင့် သတ်မှတ်လိုက်တယ်။ ကျွန်တော်တို့က မသန်စွမ်းမှတ်ပုံတင် ထုတ်ပေးလိုက်တယ်။ ဒီမှတ်ပုံတင်ရှိပြီးသွားရင် သူသည် ပညာသင်ကြားဖို့ အခွင့်အလမ်းမှာ ပိုမိုသေချာဖို့ ဖြစ်လာမှာပေါ့။ ကျောင်းတက်မယ်။ ကျောင်းလခအခမဲ့။ ကျောင်းသွားမယ့်လမ်းမှာ သွားဖို့လာဖို့ အထောက်အပံ့တွေရရှိ အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။အဓိကတော့ Pilot ရှစ်လတာပြီးရင် ကျွန်တော်တို့ ပြန်လည်သုံးသပ်မယ်။ ပြီးရင်လိုအပ်ချက်တွေကို ပြင်ဆင်မယ်။ အဲဒါနဲ့ပဲ ဒီဟာကို ချဲ့ထွင်သွားမှာ ဖြစ်ပါတယ်” ဟု ဦးစွမ်းရည်ရက ဆက်လက်ပြောကြားသည်။
မသန်စွမ်းမှုအလိုက် အရေးကိစ္စများ ကြိုးပမ်းဆောင်ရွက်ရာတွင် ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းများအား မျက်မမြင်စာဖြင့် ပုံနှိပ်ထုတ်ဝေခြင်း၊ မျက်မမြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ဆက်စပ်ဝန်ကြီးဌာနများနှင့် Japan Hearth အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နားမကြားသူများ သတင်းအချက်အလက်များ လက်လှမ်းမီရရှိခွင့် သေချာစေရေးစီမံကိန်းအဖြစ် လက်သင်္ကေတပြ ဘာသာစကားကူညီပံ့ပိုးသူများ သင်တန်းတို့ကို ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
