၂၀၁၈ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ထားသော စာရင်းဇယားများအရ မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်အာရှအဖွဲ့ဝင် (SEARO) နိုင်ငံ ၁၁ နိုင်ငံတွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီ အက်စ်ကူးစက်ဖြစ်ပွားမှု အဆင့် လေးနေရာတွင် ရပ်တည်နေကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျန်းမာရေးဗဟုသုတ နည်းပါးခြင်း၊ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကာကွယ်ရေးလုပ်ငန်းများ လက်လှမ်းမီ မရရှိခြင်း၊ မူးယစ်ဆေး ထိုးသွင်းသူများ၊ အမျိုးသမီး လိင်လုပ်သားများနှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများ၊ အကျဉ်းကျနေသူများ၊ ရွှေ့ပြောင်းလုပ်သားများ အပါအဝင် ဦးတည်အုပ်စုများအတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ရန် အန္တရာယ်ရှိသော အပြုအမူများ ပြုလုပ်ခြင်းတို့ကြောင့် ၎င်းလူအုပ်စုများအတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှု မြင့်မားလျက်ရှိကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသူ ဦးရေ ၂၃၇၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်း HIV Prevalence မှာ ၀ ဒသမ ၅၇ ရာခိုင်နှုန်းရှိကြောင်း AIDS Epidemic Model – AEM ဖြင့် ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ် မှ ၂၀၁၇ ခုနှစ် ခုနစ်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၌ အိပ်ချ်အိုင်ဗွီရောဂါ လူနာအသစ် ကူးစက်ခံရမှုမှာ ထက်ဝက်ကျော်ကျဆင်းခဲ့ပြီး AIDS Epidemic Model – AEM ဖြင့် ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံ၌ အိပ်ချ်အိုင်ဗွီ ပိုးကူးစက်ခံနေရသူဦးရေ ၂၂၇၀၀၀ ခန့်ရှိပြီး ရောဂါဖြစ်ပွားမှုနှုန်းမှာ သုည ဒသမ ၅၇ ရာခိုင်နှုန်းခန့်ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ သိရသည်။
“ အိပ်ချ်အိုင်ဗွီက အထူးသဖြင့် မူးယစ်ဆေး အကြောတွင်းထိုးသွင်းသူတွေ၊ အမျိုးသမီးလိင်လုပ်သားတွေ၊ အမျိုးသားချင်း ချစ်ခင်စုံမက်သူတွေ၊ အကျဉ်းကျနေသူတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် ဦးတည် အုပ်စုအတွင်း အိပ်ချ်အိုင်ဗွီပိုးကူးစက်ဖို့ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ပြုမူနေခြင်းတို့ကြောင့် အဲဒီလူအုပ်စုအတွင်းမှာ ပိုးကူးစက်ခံရမှုနှုန်းက မြင့်မားနေဆဲ ဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်ခံရမှုက ရန်ကုန်၊ ကချင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နဲ့ စစ်ကိုင်းတို့က အခြားဒေသတွေထက် ရောဂါအသစ် ကူးစက်ခံရမှု ပိုမိုမြင့်မားလျက် ရှိနေပါတယ်” ဟု အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် လူနာများအတွက် ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ခုနစ်နှစ်တာ ကာလအတွင်း အစိုးရမှ ဘဏ္ဍာငွေတိုးမြှင့်ထောက်ပံ့ပေးမှုနှင့် ကမ္ဘာ့ရန်ပုံငွေအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် ၂၀၁၁ ခုနှစ်တွင် ရောဂါပိုးကူး စက်ခံရသူ နှစ်သိန်း ကျော်အနက် လူနာ လေးသောင်းခန့်ကိုသာ ဘဝတသက်တာ သောက်ရမယ့် အေအာရ်တီ ဆေးဖြင့်ကုသမှုပေးနိုင်ခဲ့ရာမှ ၂၀၁ရခုနှစ် တွင် လူနာပေါင်းတစ်သိန်းလေးသောင်း ခြောက်ထောင်ကျော်အထိ ကုသမှုပေးနိုင်ခဲ့ ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှသိရသည်။
ထို့ပြင် မိခင်မှကလေးသို့ အိပ်ချ်အိုင်ဗွီ ပိုးကူးစက်မှုမှ ကာကွယ်ခြင်းလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်အကုန်တွင် မြို့နယ်ပေါင်း ၃၁၉ မြို့နယ်အထိ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ကြောင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် အိပ်ချ် အိုင်ဗွီဖြစ်ပွားနှုန်းသည် ၂၀၁၇ ခုနှစ်တွင် သုည ဒသမ ၆၀ ရာခိုင်နှုန်း ကျဆင်းလာကြောင်း နှင့် မူးယစ်ဆေးအကြောထဲထိုးသွင်းသူများ အကြား အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှုအန္တရာယ် လျှော့ချရေးအတွက် တခါသုံး ဆေးထိုး အပ်/ဆေးထိုးပြွန်များ ဖြန့်ဝေခြင်းနှင့် မူးယစ်ဆေးအစားထိုး မက်သာဒုန်းဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁ရခုနှစ်အကုန်တွင် ၅၁ခုအထိ တိုးချဲ့ ဖွင့် လှစ်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ က ၂၀၁၈ခုနှစ်မှ၂၀၂၀ ပြည့်နှစ်အထိ အိပ်ချ် အိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ဆက်လက် ထောက်ပံ့ပေးရာတွင် တီဘီရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၀၄ သန်း၊ အိပ်ချ်အိုင်ဗွီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၉၆ သန်း နှင့်ငှက်ဖျားရောဂါကင်းဝေးရေးအတွက် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၄၄ သန်းဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှုသည် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ အိပ်ချ်အိုင်ဗွီပိုး ကူးစက်ရန် အန္တရာယ်များသော ဦးတည်အုပ်စုများတွင် အဖြစ်များကာ နေရာဒေသအားဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင်ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးဖြစ်ကြောင်း အိပ်ချ်အိုင်ဗွီကူးစက်ဖြစ်ပွားမှု အခြေအနေ စောင့်ကြပ်ကြည့်ရှုခြင်း စစ်တမ်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
