လူ့အခွင့်အရေး ချိုးဖောက်သည့် နှိပ်စက်မှုများရှိနေသော ဖျာပုံပင်လယ်ပြင်မှ ကျားဖောင်များအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီဇင်ဘာ ၂ရက် မှ ၆ရက်အထိ ငါးရက်ကြာ စစ်ဆေးမှုများကို သွားရောက် ပြုလုပ်လျက်ရှိကြောင်း အဆိုပါ ကော်မရှင်မှ အထွေထွေအတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောကြားသည်။
“ အဲဒီကိစ္စက ကျွန်တော်တို့ ပြန်ရောက်ရင် ပြည့်ပြည့်စုံစုံလေး ပြောပေးမယ်။အခုက ပင်လယ်ထဲ ရောက်နေလို့ ဖုန်းတွေလည်း မမိဘူး။ လှိုင်းတွေလည်း ထန်နေတယ်။ ကျွန်တော်တို့တွေ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ စစ်မှာပါ။ ပြန်ရောက်တဲ့အခါ ပြည့်ပြည့်စုံစုံလေး ပြောပေးမှာပါ” ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အထွေထွေအတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောကြားသည်။
နိုဝင်ဘာ ၃၀ ရက်တွင် ဖျာပုံမြို့နယ် ပင်လယ်ပြင် ကျားပိုက်လုပ်ငန်းရှင်များအသင်းက ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံမှုတစ်ခုကို ဖျာပုံမြို့နယ်ရှိ အောင်နိုင်သူဟိုတယ် တွင်ပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် ကျားပိုက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပင်လယ်ပြင်အတွင်းရှိ ကျားဖောင်လုပ်ငန်းများ၌ လုပ်သားအချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုများရှိနေကြောင်း ဝန်ခံပြောကြားသည်။
အဆိုပါ ကျားဖောင်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် လာရောက်ကြသူများတွင် တရားခံပြေးများလည်း ပါဝင်နေကြောင်းသိရပြီး စုစုပေါင်း ကျားဖောင်လုပ်သား သုံးသောင်းခန့်ရှိသည့်အနက် တိကျသည့် စာရင်းဇယားဖြင့် မှတ်သားထားသည့် လုပ်သားဦးရေမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ကျားပိုက်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ နှင့် လုပ်ငန်းရှင်များ၏ ပြောကြားမှုအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
