လက်ရှိ မြန်မာနိုင်ငံတွင် အနည်းဆုံးလုပ်ခအား တစ်ရက်လျှင် ကျပ် ၄၈၀၀ သတ်မှတ်ထားသော်လည်း ထပ်မံ သတ်မှတ်သည့် အနည်းဆုံးလုပ်ခအား တစ်ရက်လျှင် ကျပ် ၇၂၀၀ အဖြစ် သတ်မှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
CTUM အဖွဲ့ချုပ်ရှိ လုပ်ခကော်မတီသည် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုတွင် အလုပ်သမားများ၏ တစ်ရက်တာ ကုန်ကျစရိတ်များအား စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ ယင်းစစ်တမ်းအရ အလုပ်သမားတစ်ဦးအား တစ်ရက်လျှင် အနည်းဆုံးလုပ်ခ ၇၂၀၀ ကျပ် သတ်မှတ်ပေးရန် တောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တစ်ရက် ၇၂၀၀ ကျပ် နှုန်းထားသည် CTUM အဖွဲ့ ကောက်ယူထားသော စစ်တမ်းတွင် အခြေခံခြင်းဖြစ်ပြီး အခြားအလုပ်သမားအဖွဲ့ချုပ်နှင့် အဖွဲ့အစည်းများ၏ သဘောထားများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
“ကျွန်တော်တို့ CTUM အဖွဲ့ချုပ်မှာ ဆွေးနွေးထားတာ ကျွန်တော်တို့ရဲ့ စစ်တမ်းကောက်ယူချက်အရ ကိန်းဂဏန်းသည် ၇၂၀၀ လို့ သတ်မှတ်ထားပါတယ်။ လာမယ့် သက်တမ်းမှာ အနိမ့်ဆုံးလုပ်အားခကို ၇၂၀၀ တော့ဖြစ်သင့်တယ်လို့ တွက်ချက်ထားပါတယ်။ စစ်တမ်းကောက်တဲ့အခါမှာ CTUM မှာ လုပ်ခကော်မတီ ဆိုတာရှိပါတယ်။ ဒီကော်မတီက တိုင်းနဲ့ပြည်နယ် ခြောက်ခုမှာသွားပြီး စစ်တမ်းကောက်ယူထားပါတယ်။ ဒီ ၇၂၀၀ က ကျွန်တော်တို့ CTUM အဖွဲ့ချုပ်တစ်ခုတည်းရဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။ ကျန်တဲ့ အလုပ်သမားအဖွဲ့ချုပ်တွေ ကျန်ပါတယ်။ နောက်တစ်ခါ အလုပ်သမားအရေး လှုပ်ရှားသူတွေရဲ့ အမြင်တွေ ရှိပါသေးတယ်။ အဲဒါတွေကို အားလုံးကိုစုပြီး ဘယ်လို ကိန်းဂဏန်း ဖြစ်သင့်သလဲဆိုတာ ညှိနှိုင်းကြဦးမှာပါ။ ညှိနှိုင်းပြီး အများကလက်ခံတဲ့ ကိန်းဂဏန်းကို သုံးပွင့်ဆိုင် အစည်းအဝေးမှာ တင်ပြမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောကြားသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေက အနည်းဆုံးလုပ်ခလ စာသတ်မှတ်ရေး အမျိုးသားအဆင့် သုံးပွင့်ဆိုင် အစည်းအဝေးကို လာမည့် ၂၀၂ဝပြည့် နှစ်မှသာ ခေါ်ယူနိုင်တော့မည်ဟု ခန့်မှန်းထားကြောင်း နိုဝင်ဘာ ၂၉ ရက်က နေပြည်တော်တွင် သတင်းမီဒီယာများကို ပြောကြားသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး အနည်းဆုံးလုပ်ခအား တစ်ရက်လျှင် ကျပ် ၃၆၀၀ အဖြစ် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် သတ်မှတ်ခဲ့သည်။ ယင်းနောက် ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် မေ ၁၄ ရက်တွင် အနည်းဆုံးလုပ်ခအား တစ်ရက်လျှင် ကျပ် ၄၈၀၀ အဖြစ် သတ်မှတ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
