"ဝ" ဒေသ ဟိုပန်မြို့တွင် ဓားပြတိုက်ကာ ကလေးငယ်တစ်ဦးကို သတ်ခဲ့သူအား UWSA က သေဒဏ်ချမှတ်ခဲ့ကြောင်း "၀"လူငယ်အသံကွန်ရက်၏ သတင်းဖော်ပြမှုအရ သိရသည်။
"ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် လူသတ်မှု ကျူးလွန်သူကို သေဒဏ်ချမှတ်ခြင်းနှင့် မုဒိမ်းမှု ကျူးလွန်သူခြောက်ဦးကို တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်သည့် တရားစီရင်ရေး အခမ်းအနားကို ဟိုပန်မြို့တွင်း နေထိုင်သူများအား ပြသကာ အောက်တိုဘာ ၃၀ ရက်တွင် ယဉ်ကျေးမှုကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူသတ်မှုကျူးလွန်သူ အသက် ၂၀ ဝန်းကျင် မောင်စိုင်းကျော်ထွန်းကို သေဒဏ်ချမှတ်ခဲ့ပြီး မုဒိမ်းမှု ဦးဆောင်သူကို ထောာင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ကျန် ငါးယောက်ကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
UWSA က ထိန်းချုပ်ပြီးနောက် ဟိုပန်မြို့တွင်း သေဒဏ်ချမှတ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းသို့ သေဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ လူထုရှေ့တွင် ရှေ့ သေဒဏ်ချမှတ်ခြင်းသည် "ဝ" အဖွဲ့၏ ယခင်ကတည်းက ကျင့်သုံးလာသည့် မူဝါဒဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြစ်စဉ်များ ထပ်မဖြစ်လာအောင် လူထုကို ပညာပေးလုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ သေဒဏ်ချမှတ်ခြင်းသာ လူထုရှေ့တွင်ပြုလုပ်ခြင်းဖြစ်ပြီး သေဒဏ်စီရင်ခြင်းကို လူထုရှေ့တွင် လုပ်ဆောင်မည်မဟုတ်ဘဲ မည်သည့်နေရာတွင် စီရင်မည်ကို တရားရေးဌာနက ဆုံးဖြတ်မည်ဖြစ်ကြောင်း "၀"အဖွဲ့က တာဝန်ရှိသူတစ်ဦးက "၀"လူငယ်အသံကွန်ရက်သို့ ဖြေကြားထားသည်ကိုတွေ့ရသည်။
ဟိုပန်မြို့တွင် ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်က ကုန်စုံဆိုင် တစ်ခု၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကာ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အသတ်ခံရခြင်းဖြစ်ပြီး ကျူးလွန်သူကို နှစ်လအကြာတွင် "၀" အဖွဲ့က သေဒဏ်ချမှတ်ခြင်းဖြစ်သည်။
"၀"အဖွဲ့အနေဖြင့် ယခင်ကလည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသအတွင်း ရာဇဝတ်မှုကျူးလွန်သူများကို အများပြည်သူရှေ့တွင် ပြစ်ဒဏ်ချမှတ်ပြီးနောက် ၎င်းတို့ထိန်းချုပ်ထားသည့်မြို့များတွင် ပြစ်မှုကျူးလွန်သူများကို အများပြည်သူများအား လိုက်လံလှည့်လည်ပြသလေ့ရှိသည်ကို တွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
