မန်ယူအသင်းမှ အင်တာမီလန်အသင်းသို့ ယူရိုသန်း(၈၀)ဖြင့် ပြောင်းရွှေ့ခဲ့သော ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် ပွဲဦးထွက်ကစားသည့်ပွဲတွင် (၄) ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။
မန်ယူအသင်းမှ အင်တာမီလန်အသင်းသို့ ယူရိုသန်း(၈၀)ဖြင့် ပြောင်းရွှေ့ခဲ့သော ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် ပွဲဦးထွက်ကစားသည့်ပွဲတွင် (၄) ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။
ယင်းပွဲမှာ စီးရီးဒီကလပ် ဘာဂါမိုအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ခြေစမ်းပွဲဖြစ်ပြီး အင်တာမီလန်အသင်းက (၈-ဝ)ဂိုးဖြင့် အနိုင်ရရှိရာတွင် လူကာကူက (၄)ဂိုးသွင်းခဲ့ခြင်းလည်းဖြစ်သည်။
ထို့ကြောင့် တန်ဖိုးထားလောက်သည့်ပွဲမဟုတ်ဟု ဆိုနိုင်သော်လည်း နည်းပြ ကွန်တီ၏သတိပေးမှုနှင့် ရင်ဆိုင်နေရသော လူကာကူအတွက် ဖိအားလျော့သွားစေလိမ့်မည်ဟု သုံးသပ်မှုအချို့ရှိခဲ့သည်။
အင်တာမီလန်နည်းပြ ကွန်တီသည် လူကာကူကို ခေါ်ယူနိုင်ခဲ့၍ ဝမ်းမြောက်ကြောင်းနှင့် လူကာကူ၏စွမ်းရည်ကို ချီးကျူးပြောဆိုမှု ပြုလုပ်ခဲ့သော်လည်း ကြိုးစားလေ့ကျင့်ရန် လိုအပ်နေသည်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။
"သူက ကျွန်တော်တို့အတွက် ထူးခြားပြောင်မြောက်တဲ့ ကစားသမားခေါ်ယူမှုပါ။ ဒါကြောင့် အလွန်ပျော်ရွှင်ကျေနပ်မိပါတယ်။ ဒါပေမဲ့ လူကာကူအနေနဲ့ ကြံ့ခိုင်မှုအပိုင်းရော၊ အသင်း ရဲ့နည်းစနစ်နဲ့ အသားကျဖို့ပါ လေ့ကျင့်ရေးကွင်းမှာ အလုပ်အများကြီးလုပ်ဖို့ လိုပါတယ်။ ပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့ လိုပါတယ်"ဟု ကွန်တီက ပြောကြားခဲ့သည်။
လူကာကူသည် အင်တာမီလန်အသင်းတွင် ကျောနံပါတ်(၉) ဝတ်ဆင်သွားမည်ဖြစ်သော်လည်း ဘာဂါမိုနှင့် ခြေစမ်းပွဲတွင်မူ အင်တာမီလန်တစ်သင်းလုံး နံပါတ်မပါသည့်ဝတ်စုံများနှင့်သာ ယှဉ်ပြိုင်ကစားသွားခဲ့ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
