မန်စီးတီးအသင်း၏ ယူကရိန်းလက်ရွေးစင်နောက်ခံလူ ဇင်ချန်ကိုသည် မန်စီးတီးဝါရင့်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗား တင်ရှိထားသည့် ပရီးမီးယားလိဂ်နိုင်ပွဲဆက်စံချိန်ကို ဝက်စ်ဟမ်း (ဝ-၅) မန်စီးတီးပွဲတွင် လိုက်မီခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်း၏ ယူကရိန်းလက်ရွေးစင်နောက်ခံလူ ဇင်ချန်ကိုသည် မန်စီးတီးဝါရင့်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗား တင်ရှိထားသည့် ပရီးမီးယားလိဂ်နိုင်ပွဲဆက်စံချိန်ကို ဝက်စ်ဟမ်း (ဝ-၅) မန်စီးတီးပွဲတွင် လိုက်မီခဲ့ကြောင်း သိရသည်။
ဒေးဗစ်ဆေးလ်ဗားသည် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် (သူပါဝင်ကစားသောပွဲစဉ်များ၌) (၂၃) ပွဲဆက်တိုက် နိုင်ပွဲရရှိသည့်စံချိန်တင်ထားခဲ့ခြင်းဖြစ်ပြီး ယခု ဇင်ချန်ကိုက ယင်းစံချိန်အား လိုက်မီခဲ့ခြင်းဖြစ်သည်။
ဇင်ချန်ကိုသည် ၂၀၁၇-၁၈ ဘောလုံးရာသီတွင် မန်စီးတီးအသင်း၌ ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ယင်းပွဲအားလုံးတွင် မန်စီးတီးအသင်းက အနိုင်ရရှိခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘောလုံးရာသီတွင်လည်း ပရီးမီးယားလိဂ်ပွဲစဉ် (၁၄)ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ယင်းပွဲအားလုံးတွင်လည်း မန်စီးတီးအသင်းက အနိုင်ရရှိခဲ့သည်။

သို့ဖြစ်ရာ မန်စီးတီးအသင်း၌ သူပါဝင်ကစားခွင့်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၂၃)ပွဲစလုံးတွင် နိုင်ပွဲရရှိခဲ့ပြီး ဒေးဗစ်ဆေးလ်ဗား တင်ထားသည့်စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။
အကယ်၍ ရှေ့လာမည့်တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်စီးတီးအသင်းအနေဖြင့် အိမ်ကွင်းတွင် စပါးအသင်းကို အနိုင်ရရှိခဲ့လျှင် ဇင်ချန်ကိုမှာ (ယင်းပွဲတွင် ပါဝင်ခွင့်ရရှိခဲ့ပါက) စံချိန်သစ်တင်ရှိနိုင်မည်ဖြစ်သည်။
ဇင်ချန်ကိုနှင့် ဒေးဗစ်ဆေးလ်ဗားတို့၏ နောက်တွင် ပရီးမီးယားလိဂ်နိုင်ပွဲဆက်အများ ဆုံးကစားသမားများမှာ မန်စီးတီးဂိုးသမား အီ ဒါဆန်၊ ကွင်းလယ်လူ ဖာနန်ဒင်ဟိုနှင့် ဒီဘရိုင်း နားတို့ဖြစ်ကြပြီး (၁၈)ပွဲစီဖြင့် ရပ်တည်နေကြခြင်းဖြစ်သည်။
၎င်းတို့မှာ ၂၀၁၇-၁၈ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ်(၃)မှ ပွဲစဉ်(၂၀)အထိ မန်စီးတီးအသင်း ဆက်တိုက် အနိုင်ရရှိခဲ့စဉ်က ယင်းပွဲစဉ်အားလုံးတွင် ပါဝင်ကစားပြီး ယင်းစံချိန်ကို ရယူနိုင်ခဲ့ကြခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
