စီးရီးအေကလပ် ရိုးမားအသင်းသည် မန်ယူအသင်း၏ ချီလီတောင်ပံတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်အား တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန်အတွက် မန်ယူအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
စီးရီးအေကလပ် ရိုးမားအသင်းသည် မန်ယူအသင်း၏ ချီလီတောင်ပံတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်အား တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန်အတွက် မန်ယူအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးလျက်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် မျှော်မှန်းသလောက် ခြေစွမ်းမပြနိုင်၍ ဝေဖန်မှုများကိုခံနေရသူဖြစ်ပြီး ဒဏ်ရာပြဿနာများကြောင့် မကြာခဏ အနားယူနေရသူဖြစ်သည်။
ရိုးမားအသင်းသည် အသက်(၃၀)နှစ်အရွယ်ရှိ ဆန်းချက်ဇ်အား ရာသီသစ်မစမီ ခေါ်ယူနိုင်ရန်ပစ်မှတ်ထားနေပြီး တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ရန် ဆွေးနွေးနေခြင်းဖြစ်သည်။
သို့သော် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ရောင်းချပြီးနောက် တိုက်စစ်မှူးသစ် ပြန်လည်မဖြည့်တင်းနိုင်ခဲ့သော မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအနေဖြင့် တိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ ဆန်းချက်ဇ်ကို အသင်းမှမထွက်စေရန် အလိုရှိနေသည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ဆန်းချက်ဇ်နှင့်ပတ်သက်၍ ဆိုးလ်ရှားက "အလက်ဆစ် (ဆန်းချက်ဇ်) ဟာ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံးကြိုးစားနေပါတယ်။ အသင်းက လူကာကူထွက်သွားတာ သူ့အတွက်လည်း အခွင့်အရေးတစ်ခုပါပဲ။ အသင်းမှာ သူ ဆက်ရှိနေမယ်လို့ ကျွန်တော် မျှော်လင့်နေပါတယ်"ဟု ပြောကြားခဲ့သည်။
ဆန်းချက်ဇ်သည် ၂၀၁၈ ဆောင်းရာသီအပြောင်းအရွှေ့ကာလက မန်ယူအသင်းသို့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်အသင်းမှ ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲကစားကာ (၅)ဂိုးသွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
