အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာက ဘိုကာဂျူနီယာအသင်းသို့ ဒီရော့ဆီ ပြောင်းရွှေ့လာသည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။
အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာက ဘိုကာဂျူနီယာအသင်းသို့ ဒီရော့ဆီ ပြောင်းရွှေ့လာသည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။
အသက် (၃၆) နှစ်အရွယ်ရှိ အီတလီဝါရင့်ကွင်းလယ်လူ ဒီရော့ဆီသည် (၁၈) နှစ်ကြာလက်တွဲခဲ့သည့် ရိုးမားအသင်းနှင့် လမ်းခွဲပြီးနောက် ဘိုကာဂျူနီယာအသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်သည်။
မာရာဒိုနာက "ဒီရော့ဆီလို ကစားသမားမျိုးက ဘိုကာဂျူနီယာအသင်းကို ရွေးချယ်ခဲ့တာဟာ ကျွန်တော့် အတွက်ရော၊ အာဂျင်တီးနားအတွက်ပါ အရမ်းကိုကောင်းပြီး ဘုရားသခင်ပေးတဲ့ လက်ဆောင်လို့တောင် ဆိုနိုင်ပါတယ်။ ဒီရော့ဆီက ရိုးမားအသင်းမှာ တစ်နှစ်လစာ ယူရို (၁၂) သန်းအထိ ရရှိခဲ့သူပါ။ တကယ်လို့ ကာတာကိုသာ သွားမယ်ဆိုရင် သူ့အနေနဲ့ တစ်နှစ်လစာ ယူရိုသန်း (၃၀) အထိ ရနိုင်ပါတယ်။ ဒါပေမဲ့ ဖိနပ်တစ်ရံအတွက် လူသတ်ဖို့ ဝန်မလေးတဲ့ အာဂျင်တီးနားကို သူလာခဲ့တယ်။ ဘိုကာဂျူနီယာအသင်းမှာ ဒီရော့ဆီ ခြေစွမ်းပြနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု ဆိုခဲ့သည်။
ဒီရော့ဆီသည် ရိုးမားအသင်းတွင် (၁၈)နှစ်တာ ကာလအတွင်း ပြိုင်ပွဲစုံ (၆၁၆) ပွဲတွင် (၆၃) ဂိုး သွင်းယူခဲ့ပြီး အသင်းနှင့် ကိုပါအီတလီယာဖလား (၂) ကြိမ်နှင့် စူပါကိုပါအီတလီယာဖလား (၁) လုံးရရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
