ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမပိတ်မီ ဂျူဗင်တပ်စ် အသင်းနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူပြီးနောက် ဂွါဒီယိုလာ၏ နည်းပြဘဝ ၁၁ နှစ်အတွင်း ကစားသမားခေါ်ယူမှုအသုံးစရိတ်မှာ ယူရို ၁.၃ သန်းအထိ ရှိလာခြင်းဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၏ နည်းပြဘဝသက်တမ်းတစ်လျှောက် အသုံးပြုခဲ့သည့် ကစားသမားခေါ်ယူမှုအသုံးစရိတ်မှာ ယူရို တစ်ဘီလီယံကျော်ရှိနေပြီး နောက်ခံလူများအတွက် ယူရို ၅၁၃ သန်းအထိ အသုံးပြုထားကြောင်း စပိန်နိုင်ငံထုတ် Marca သတင်းစာ၏ဖော်ပြချက်အရ သိရသည်။
ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမပိတ်မီ ဂျူဗင်တပ်စ် အသင်းနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူပြီးနောက် ဂွါဒီယိုလာ၏ နည်းပြဘဝ ၁၁ နှစ်အတွင်း ကစားသမားခေါ်ယူမှုအသုံးစရိတ်မှာ ယူရို ၁.၃ သန်းအထိ ရှိလာခြင်းဖြစ်သည်။ ဂွါဒီယိုလာသည် နည်းပြဘဝ စတင်သည့် ဘာစီလိုနာအသင်း၌ လေးနှစ်အတွင်း ယူရို ၃၄၁.၅ သန်း၊ ဘိုင်ယန်မြူးနစ်အသင်း၌ သုံးနှစ်အတွင်း ယူရို ၂၀၄.၁ သန်းနှင့် မန်စီးတီးအသင်း၌ ၂၀၁၆ ခုနှစ် နွေရာသီမှ ၂၀၁၉ ခုနှစ် နွေရာသီအထိ ယူရို ၇၆၂.၃ သန်း၊ စုစုပေါင်း ယူရို ၁.၃၀၇ ဘီလီယံ သုံးစွဲထားကြောင်း သိရသည်။
၎င်းနောက်ဆုံးခေါ်ယူခဲ့သည့် ကန်ဆယ်လို၏ပြောင်းရွှေ့ကြေးမှာ ယူရို ၆၅ သန်း (ဒန်နီလိုအပါအဝင်) ဖြစ်ရာ ကမ္ဘာတစ်ဝန်းရှိ နောက်ခံအစွန်လူများအနက် တန်ဖိုးအမြင့်ဆုံးဖြစ်လာသည်။ ကန်ဆယ်လိုနှင့် လာပေါ့တ်မှာ ဂွါဒီယိုလာခေါ်ယူခဲ့သည့် နောက်ခံလူများအနက် ပြောင်းရွှေ့ကြေး အမြင့်ဆုံးကစားသမားများဖြစ်လာပြီး ၎င်းအနေဖြင့် နောက်ခံလူများအတွက် ယူရို ၅၁၃.၁ သန်း အထိ အသုံးပြုထားကြောင်း Marca သတင်းစာက ဖော်ပြခဲ့သည်။
ထို့အပြင် ဂွါဒီယိုလာသည် တိုက်စစ်ကစားသမားများအတွက် ယူရို ၃၈၅.၅ သန်း၊ ကွင်းလယ်ကစားသမားများအတွက် ယူရို ၃၂၆.၆ သန်းနှင့် ဂိုးသမားများအတွက် ယူရို ၇၇.၆ သန်းသုံးစွဲထားကြောင်း သိရသည်။ ၎င်းသည် နည်းပြဘဝတစ်လျှောက် ကစားသမား ၅၉ ဦး (အလွတ်ဖြင့်ခေါ်ယူသူများမပါဝင်) ခေါ်ယူထားပြီး ယခု နွေရာသီတွင် အက်သလက်တီကို အသင်းမှ ယူရိုသန်း ၇၀ ဖြင့်ရောက်ရှိလာသည့် စပိန်ကွင်းလယ်လူ ရိုဒရီက ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။
တိုက်စစ်ကစားသမားများအတွက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် အီဘရာဟီမိုဗစ်ကို ယူရို ၆၉.၅ သန်း၊ ဂိုးသမားများအတွက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် အီဒါဆန်ကို ယူရိုသန်း ၄၀ ဖြင့် ခေါ်ယူထားပြီး ငွေသုံးစွဲမှုအများဆုံးရာသီမှာ မန်စီးတီးအသင်းသို့ စတင်ရောက်ရှိသည့် ၂၀၁၆-၂၀၁၇ ရာသီဖြစ်ကာ ယူရို ၃၀၅.၅ သန်းအသုံးပြု၍ အင်အားဖြည့်တင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
