ယင်းပွဲအပြီး PSG အသင်း ဒုတိယဆုလက်ခံရယူရန် ပွဲကြည့်စင်ပေါ်သို့တက်လာစဉ် ရန်းစ်အသင်း ပရိသတ်တစ်ဦးက ဖုန်းဖြင့်ဗီဒီယိုရိုက်ကူးရာ နေမာက ဖုန်းကိုဖယ်ရှားရာမှ အပြန်အလှန် အချင်းများခဲ့ပြီး နေမာက ၎င်း၏မျက်နှာကို တွန်းထိုးခဲ့ခြင်းဖြစ်သည်။
၂၀၁၈-၂၀၁၉ ရာသီ ပြင်သစ်ဖလားပြိုင်ပွဲအပြီးတွင် နေမာ၏ ကိုယ်ထိလက်ရောက်ကျူးလွန်မှုခံရခြင်းအတွက် ရန်းစ်အသင်းပရိသတ်က တရားစွဲဆိုထားကြောင်း ၎င်း၏ရှေ့နေဖြစ်သူက ပြင်သစ်နိုင်ငံထုတ် L'Equipe သတင်းစာသို့ အတည်ပြု ပြောကြားခဲ့သည်။
ဧပြီ ၂၇ ရက်က PSG အသင်း နှင့် ရန်းစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ရန်းစ်အသင်းက ပယ်နယ်တီအဆုံး အဖြတ် (၆-၅) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ရန်းစ်အသင်းသည် PSG အသင်း၏ ဦးဆောင်ဂိုးနှစ်ဂိုးသွင်းယူမှုခံရသော်လည်း နောက်မှလိုက်၍ ချေပဂိုးများသွင်းယူခဲ့သလို ပယ်နယ်တီအဆုံးအဖြတ်တွင်လည်း အနိုင်ရပြီး မထင်မှတ်ဘဲ ချန်ပီယံဆုဆွတ်ခူး ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲအပြီး PSG အသင်း ဒုတိယဆုလက်ခံရယူရန် ပွဲကြည့်စင်ပေါ်သို့တက်လာစဉ် ရန်းစ်အသင်း ပရိသတ်တစ်ဦးက ဖုန်းဖြင့်ဗီဒီယိုရိုက်ကူးရာ နေမာက ဖုန်းကိုဖယ်ရှားရာမှ အပြန်အလှန် အချင်းများခဲ့ပြီး နေမာက ၎င်း၏မျက်နှာကို တွန်းထိုးခဲ့ခြင်းဖြစ်သည်။
ပြင်သစ်လိဂ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ယင်းဖြစ်ရပ်အတွက် နေမာကို သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ရာ ရန်းစ်အသင်းနှင့်မကျေပွဲ ပြန်ကစားရသည့် ပြင်သစ်စူပါဖလား ပြိုင်ပွဲကိုလည်းလွဲချော်ခဲ့သည်။ ဖိလစ် အိုဟာယွန်ဟုအမည်ရသည့် ရှေ့နေ ဖြစ်သူ၏ပြောကြားချက်အရ ယင်းဖြစ်ရပ်အတွက် နေမာ၏ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးသော်လည်း ပြေလည်မှုမရသဖြင့် တရား စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ရှေ့နေဖြစ်သူက နေမာကိုတရားစွဲဆိုထားကြောင်း L'Equipe သတင်းစာသို့ပြောကြားသော်လည်း တရားလို၏အမည်ကိုမူ ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
