ဇွန်လနောက်ဆုံးပတ်တွင် အိုဆာကာထံမှ ကမ္ဘာ့အဆင့် (၁) နေရာ လွှဲပြောင်းရယူနိုင်ခဲ့သည့် သြစတြေးလျနိုင်ငံသူ ဘာတီသည် Rogers Cup ပြိုင်ပွဲ ဒုတိယအဆင့်မှာပင် ရှုံး ပွဲကြုံတွေ့ခဲ့သည်။
ဂရင်းစလင်းချန်ပီယံဆု နှစ်ကြိမ်ရရှိထားသည့် ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာသည် ကနေဒါနိုင်ငံ၌ ကျင်းပသည့် Rogers Cup (ကနေဒါအိုးပင်း) ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ၀ါရင့်ကစားသမား ဆရီနာဝီလျံကို ရှုံးနိမ့်သော်လည်း ကမ္ဘာ့အဆင့် (၁) နေရာ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
ဇွန်လနောက်ဆုံးပတ်တွင် အိုဆာကာထံမှ ကမ္ဘာ့အဆင့် (၁) နေရာ လွှဲပြောင်းရယူနိုင်ခဲ့သည့် သြစတြေးလျနိုင်ငံသူ ဘာတီသည် Rogers Cup ပြိုင်ပွဲ ဒုတိယအဆင့်မှာပင် ရှုံး ပွဲကြုံတွေ့ခဲ့သည်။ ထို့အပြင် ယင်း ပြိုင်ပွဲတွင် ဗိုလ်စွဲပါက အဆင့် (၁) ဖြစ်လာရန် အခွင့်အရေးရှိနေသည့် ချက်နိုင်ငံသူ ပလစ်ကိုဗာ (အဆင့် ၃) မှာလည်း ကွာတားဖိုင်နယ်တွင် ရှုံးပွဲကြုံတွေ့ခဲ့သည်။
သို့ဖြစ်ရာ ကွာတားဖိုင်နယ်မှာပင် ဆရီနာဝီလျံကို ၃-၆၊ ၄-၆ ဖြင့် နှစ်ပွဲပြတ်ရှုံးနိမ့်သည့် အိုဆာကာက ယနေ့ထုတ်ပြန်သည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်စာရင်းတွင် အဆင့် (၁) နေရာ ပြန်လည် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ၂၀၁၈ ခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ဆုံ တွေ့ခြင်းဖြစ်ပြီး ဆရီနာဝီလျံက ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
