၎င်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီကတည်းက နောဝစ်ချ်အသင်းသို့ ရောက်ရှိလာသူဖြစ်သော်လည်း ယခုရာသီမှသာ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရသဖြင့် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ် တန်းတက်ကလပ် နောဝစ်ချ်အသင်း၏ ကျူးဘားတောင်ပံကစားသမား အိုနယ်လ်ဟာနန်ဒက်ဇ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပါဝင်ကစားခွင့်ရသည့် ၁၁၄ နိုင်ငံမြောက် နိုင်ငံခြားသားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဟာနန်ဒက်ဇ် (၂၆ နှစ်) သည် သြဂုတ် ၉ ရက်က လီဗာပူးလ်အသင်း နှင့်ကစားခဲ့သည့် ရာသီအဖွင့်ပွဲ၌ ဒုတိယပိုင်း မိနစ် ၇၀ တွင် လူစားလဲအဖြစ် ဝင်ရောက်ကစားခွင့်ရခဲ့သည်။ သို့ဖြစ်ရာ ၎င်းသည် ပရီးမီးယားလိဂ်၌ ကစားခွင့်ရသည့် ပထမဆုံး ကျူးဘားကစားသမားဖြစ်လာသလို ပြိုင်ပွဲသမိုင်းတစ်လျှောက် ကစားခွင့်ရထားသည့် နိုင်ငံခြားသား (ဗြိတိန် ပြင်ပ) ကစားသမားများအနက် ၁၁၄ နိုင်ငံမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီကတည်းက နောဝစ်ချ်အသင်းသို့ ရောက်ရှိလာသူဖြစ်သော်လည်း ယခုရာသီမှသာ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရသဖြင့် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ဟာနန်ဒက်ဇ်သည် ကျူးဘားနိုင်ငံ၌ မွေးဖွားခဲ့သူ ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က ဂျာမနီ ယူ-၁၈ အသင်းအတွက် တစ်ပွဲပါဝင် ကစားခဲ့ဖူးသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ကျူးဘားလက်ရွေးစင်အသင်းက ၎င်းကိုရွေးချယ်ခဲ့သော်လည်း ပြည်ပအခြေစိုက်ကစားသမား ဖြစ်သောကြောင့် ပါဝင်ကစားခွင့်မရခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
