၂၀၂၃ ခုနှစ်အတွက် The Best FIFA Football Awards ဆု ချီးမြှင့်ပွဲအခမ်းအနားကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ဇန်နဝါရီ ၁၅ ရက် (ယနေ့) ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အနေဖြင့် The Best FIFA Football Awards အမည်ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ ချီးမြှင့်လျက်ရှိပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို လန်ဒန်မြို့၌ တတိယအကြိမ်(၂၀၁၇၊ ၂၀၁၈၊ ၂၀၂၃) ကျင်းပခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွက် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြန်မာစံတော်ချိန် ဇန်နဝါ ရီ ၁၆ ရက် နံနက် ၂ နာရီတွင် စတင်မည်ဖြစ်ပြီး အမျိုးသားသမားကစားသမားဆု၊ အမျိုးသမီးကစားသမား ဆု၊ အမျိုးသားအသင်းနည်းပြဆု၊ အမျိုးသမီးအသင်းနည်းပြဆု၊ အမျိုးသားဂိုးသမားဆု၊ အမျိုးသမီးဂိုးသမားဆု၊ ပွတ်ရှ်ကပ်စ် (အကောင်းဆုံးသွင်း ဂိုး) ဆု၊ FIFA Fair Play ဆု၊ FIFA ပရိသတ်ဆု စသည့် ဆုအမျိုးအစား ကိုးခုအပြင် FIFA နှင့် FIFPRO (နိုင်ငံတကာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်) တို့ ပူးပေါင်းရွေးချယ်သည့် အမျိုးသားနှင့် အမျိုးသမီး ကမ္ဘာ့အကောင်းဆုံး အသင်းကိုလည်း ကြေညာမည်ဖြစ်သည်။
FIFA သည် အမျိုးသားတစ်ဦးချင်းဆု သုံးခုနှင့် ပွတ်ရှ်ကပ်စ်ဆုအတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ ၂၀၂၃ ခုနှစ် သြဂုတ် ၂၀ ရက် အတွင်း စွမ်းဆောင်ရည်အပေါ်မူတည်၍လည်းကောင်း၊ အမျိုးသမီး တစ်ဦးချင်းဆုသုံးခုအတွက် ၂၀၂၂ ခုနှစ် သြဂုတ် ၁ ရက်မှ ၂၀၂၃ ခုနှစ် သြဂုတ် ၂၀ ရက်အတွင်း စွမ်းဆောင်ရည်အပေါ်မူတည်၍လည်းကောင်း ဆန်ခါတင်စာရင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။ ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်သည့် အမျိုးသားကစားသမားဆု အပြီးသတ်စာရင်းတွင် မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း၊ PSG အသင်းတိုက်စစ်မှူး အမ်ဘာပေနှင့် အင်တာမိုင်ယာမီအသင်း ဝါရင့်ကစားသမား မက်ဆီတို့ ရွေးချယ်ခံထားရသည်။
ဆုချီးမြှင့်မည့် အချိန်ကာလအပိုင်းအခြားအတွင်း စွမ်းဆောင်ရည်အရ မန်စီးတီးအသင်းနှင့် ပရီးမီးယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား ဆွတ်ခူးရရှိထားသလို စံချိန်တင်ဂိုးအရေအတွက် သွင်းယူပေးနိုင်ခဲ့သည့် ဟာလန်းက ဆွတ်ခူးရယူနိုင်ရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။ အမ်ဘာပေနှင့် မက်ဆီ (ယခင် PSG) မှာမူ ယင်းကာလအတွင်း လီဂူး-၁ ချန်ပီယံဆုသာ ရရှိထားသည်။
The Best FIFA Football Awards အမည်ဖြင့် ၂၀၁၆ ခုနှစ်မှ စ၍ ချီးမြှင့်ခဲ့သည့် အမျိုးသားကစားသမားဆုကို စီရော်နယ်လ်ဒို (၂၀၁၆၊ ၂၀၁၇)၊ မက်ဆီ (၂၀၁၉၊ ၂၀၂၂)၊ လီဝန်ဒေါစကီး (၂၀၂၀၊ ၂၀၂၁) တို့ က နှစ်ကြိမ်စီနှင့် မိုဒရစ်က တစ်ကြိမ် (၂၀၁၈) ဆွတ်ခူးရရှိထားကြောင်း သိရသည်။
ကစားသမားဆု အပြီးသတ်စာရင်း
အမျိုးသား - ဟာလန်း (မန်စီးတီး)၊ အမ်ဘာပေ (PSG)၊ မက်ဆီ (အင်တာမိုင်ယာမီ)
အမျိုးသမီး - ဘွန်မာတီ (ဘာစီလိုနာ)၊ ကိုင်စီဒို (ရီးယဲလ်)၊ ဟာမိုဆို (UANL)
နည်းပြဆု အပြီးသတ်စာရင်း
အမျိုးသား - ဂွါဒီယိုလာ (မန်စီးတီး)၊ ဆီမြွန်နီ အင်ဇာဂီ (အင်တာမီလန်)၊ စပလက်တီ (အီတလီ)
အမျိုးသမီး - ဂီရယ်လ်ဒက်ဇ် (ဘာစီလိုနာ)၊ အမ်မာဟေးစ် (ချယ်လ်ဆီး)၊ ဆာရီနာဗီမန်း (အင်္ဂလန်)
ဂိုးသမားဆု အပြီးသတ်စာရင်း
အမျိုးသား - ဘိုနူ (အယ်လ်ဟီလာ)၊ ကော်တိုအာ (ရီးယဲလ်)၊ အီဒါဆန် (မန်စီးတီး)
အမျိုးသမီး - အာနိုးလ် (ဝက်စ်ဟမ်း)၊ ကာတာကိုးလ် (ဘာစီလိုနာ)၊ မယ်ရီအက်ပ် (မန်ယူ)
ပွတ်ရှ်ကပ်စ်ဆု အပြီးသတ်စာရင်း
အန်စီဆို (ဘရိုက်တန်)၊ မာဒရူဂါ (ဘိုတာဖိုဂို)၊ နူနိုဆန်းတို့စ် (စပို့တင်းလစ္စဘွန်း)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
