■ အယ်မယ်ရီယာ - ဂျီရိုနာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ည ရး၃၀)
ရီးယဲလ်မက်ဒရစ်ပွဲကစားရဖို့မရှိချိန်မှာ ဂျီရိုနာအတွက် ထိပ်ဆုံးနေရာကို လွတ်လွတ်ကျွတ်ကျွတ်ယူထားနိုင်ဖို့ အခွင့်အရေးအကောင်းဆုံးဖြစ်နေတယ်။ အဝေးကွင်းဆိုပေမယ့် ပြိုင်ဘက်က ဇယားအောက်ဆုံးက အသင်းဖြစ်နေတဲ့အပြင် ခုချိန်ထိလာလီဂါ နိုင်ပွဲလည်း တစ်ပွဲမှမရသေးတဲ့အသင်းဆိုတော့ ဒီအခွင့်အရေးကောင်းကို ဂျီရိုနာမလွတ်တမ်းအသုံးချနိုင်ဖို့ပဲလိုပါလိမ့်မယ်။ ဒီရာသီမှာ အယ်မယ်ရီယာတို့ တိုက်စစ်ကစားပုံမဆိုးလှပေမယ့် ခံစစ်ပိုင်းအားနည်းလွန်းတာကလည်း ဂျီရိုနာလည်း ဂိုးသွင်းကောင်းနေတဲ့အသင်းအတွက် ဂိုးတွေရဖို့ကလည်း အခက်အခဲ မရှိနိုင်ပါဘူး။ ဒီပွဲရဲ့ အဓိကအဖြေဖြစ်လာမှာက ဂျီရိုနာအသင်း ဘယ်လောက်ထိ အားသွန်ခွန်စိုက်ကစားမလဲဆိုတာပါပဲ။ အစဉ်အလာတွေအရလည်း ဒီနှစ်သင်းတွေ့ရင် ဂိုးတွေမြူးတတ်လို့ ဒီပွဲက ဂျီရိုနာနဲ့ ဂိုးအများကိုရွေးထားတာပဲကောင်းလိမ့်မယ်။
■ ကာဒစ်ဇ် - ဗလင်စီယာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ည ၉း၄၅)
ကာဒစ်ဇ်နိုင်ပွဲပျောက်နေတာကြာပြီ။ အိမ်ကွင်းမှာလည်း သရေပွဲတွေပဲကစားနေနိုင်တာတွေ့ရတယ်။ အထူးသဖြင့်တိုက်စစ်ပိုင်းက ဂိုးရဖို့ခက်ခဲစွာကစားနေရတဲ့ပုံမျိုးတွေ့နေရလို့ ဒီရာသီ ခြေမှန်နေတဲ့ ဗလင်စီယာကို အိမ်ကွင်းမှာ ကျော်လွှားနိုင်ဖို့မလွယ် လောက်ဘူး။ ဗလင်စီယာကလည်း နှစ်ကူးမှာတောက်လျှောက်ခြေပြန်မှန်လာနေတယ်။ အဝေးကွင်းဂိုးသွင်းအား နည်းနည်းလျော့သလိုဖြစ်နေတာပဲပြောစရာရှိတယ်။ ဗလင်စီယာအနည်းဆုံး သရေတော့ကစားနိုင်မယ်ထင်တယ်။ ဂိုးတော့နည်းသွားနိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
