■ လာဇီယို - လက်ချီ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ညနေ ၆းဝ၀)
လက်ချီက လာဇီယိုနဲ့ တွေ့ဆုံတဲ့ နောက်ဆုံး (၄)ပွဲမှာ (၃)ပွဲအထိ အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ လာဇီယိုကြောင့် လက်ချီအသင်း ရုန်းကန်ရလိမ့်မယ်။ လာဇီယို အနိုင်ကစားလိမ့်မယ်။
■ ကာဂလီယာရီ - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ည ၈း၃၀)
ကာဂလီယာရီက တန်းဆင်းဇုန်ထဲက ရုန်းထွက်လာပြီးမှ နောက်ဆုံး (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ ဘိုလော့ဂ်နာကလည်း အကျပိုင်းရောက်လာပြီး ကစားပုံကလည်း ယုံကြည်မှုပျောက်ဆုံးနေသလိုပဲ။ သရေကျဖို့များတယ်။
■ ဖီအိုရင်တီးနား - အူဒီးနီးစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ည ၁၁း၃၀)
ဖီအိုရင်တီးနားက ဥရောပဝင်ခွင့်ပစ်မှတ်ထားနေတဲ့ အသင်းဖြစ်ပြီး အိမ်ကွင်းဆိုရင် ကစားပုံရော ရလဒ်ပိုင်းပါ အားကောင်းတာကို တွေ့ရတယ်။ အူဒီးနီးစ်က တန်းဆင်းဇုန်နား ရောက်နေပြီး ပြီးခဲ့တဲ့ရာသီက ပုံစံနဲ့လည်း ခြားနားခဲ့ပါပြီ။ ဖီအိုရင်တီးနား နိုင်ပွဲပြန်ရလိမ့်မယ်။
■ အေစီမီလန် - ရိုးမား (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၅ ရက် နံနက် ၂း၁၅)
ဥရောပပွဲတွေ ကစားဖို့မရှိတဲ့အချိန်မှာ အေစီမီလန်က စီးရီးအေကို သိသိသာသာ အားစိုက်လာတာ တွေ့ရတယ်။ စီးရီးအေနောက်ဆုံး (၇)ပွဲမှာ (၅)ပွဲအထိ အေစီမီလန်အသင်း အနိုင်ရရှိခဲ့ပြီး ဂျရူး၊ လီယာအိုတို့လို တိုက်စစ်ကစားသမားတွေကလည်း ပုံစံကောင်း ပိုမိုပြသလာနိုင်တယ်။ မော်ရင်ဟိုရဲ့ ရိုးမားကတော့ မတည်မငြိမ်ရလဒ်တွေနဲ့ပဲ ခရီးဆက်နေပြီး စီးရီးအေနောက်ဆုံး (၅)ပွဲမှာ နာပိုလီနဲ့ပွဲကလွဲလို့ ပွဲတိုင်းရမှတ်လေလွင့်ခဲ့တယ်။ ဒါကြောင့် လက်ရှိအကောင်းဆုံးပုံစံကောင်းရနေတဲ့ အေစီမီလန်ကို ရိုးမားအသင်း တားဆီးနိုင်ဖို့ မလွယ်ပါဘူး။ အေစီမီလန်ကို ကြိုက်တယ်။
■ အေစီမီလန်အသင်းသည် စီးရီးအေအိမ်ကွင်းနောက်ဆုံး (၁၂)ပွဲတွင် (၁၀)ပွဲအနိုင်ရခဲ့ပြီး Clean Sheet (၆)ပွဲရရှိခဲ့သည်။
■ ရိုးမားအသင်း၏ စီးရီးအေအဝေးကွင်းနောက်ဆုံး (၇)ပွဲတွင် (၆)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာ ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
