■ လိုင်လီ - လော်ရီယန့် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ညနေ ၆း၃၀)
လိုင်လီရဲ့ လက်ရှိခြေစွမ်းနဲ့ အိမ်ကွင်းကစားအားကို တန်းဆင်းဇုန်ထဲက လော်ရီယန့် တောင့်ခံဖို့မဖြစ်နိုင်ပါဘူး။ လိုင်လီက ချန်ပီယံလိဂ်ဝင်ခွင့်ပစ်မှတ်ထားနေတဲ့အသင်းဖြစ်ပြီး အခုလို အိမ်ကွင်းပွဲမျိုးမှာ မဖြစ်မနေအနိုင်ရလဒ်ရဖို့ ကြိုးစားလာမှာပါ။ လော်ရီယန့်တို့ ခံစစ်ပိတ်ပြီး အမှတ်ရဖို့ကြိုးစားနိုင်ပေမယ့် အိမ်ရှင်လိုင်လီပဲ နိုင်ပွဲယူသွားပါလိမ့်မယ်။
■ နန့်စ် - ကလယ်မွန့် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ည ၈း၃၀)
နန့်စ်က တန်းဆင်းဇုန်နဲ့ ဝေးရာကိုပြေးထွက်နေတဲ့အသင်း ဖြစ်ပြီး ကလယ်မွန့်ကတော့ ဇယားအောက်ဆုံးမှာ မျှော်လင့်ချက် မဲ့နေတဲ့အသင်းပါ။ အခုလိုအခွင့်အရေးမျိုးကို နန့်စ်တို့လက်လွှတ် ခံမယ်မထင်ပါဘူး။ နန့်စ် နိုင်ပွဲပြန်ယူပါလိမ့်မယ်။
■ မက်ဇ် - တူးလူး (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ည ၈း၃၀)
ဒီပွဲကလည်း တန်းဆင်းဇုန်အားပြိုင်မှုဖြစ်ပြီး ဘယ်အသင်း အနိုင်ရလဒ်နဲ့ အခွင့်အရေးယူသွားမလဲစောင့်ကြည့်ရပါလိမ့် မယ်။ မက်ဇ်အိမ်ကွင်းဆိုပေမယ့် တူးလူးအမှတ်ရမှာပါ။
■ ဘရက်စ် - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ည ၈း၃၀)
ရလဒ်ကောင်းတွေဆက်တိုက်ယူပြီး အဆင့် (၄)နေရာအ ထိရောက်လာတဲ့ ဘရက်စ်တို့ အခုအိမ်ကွင်းမှာလည်း နိုင်ပွဲဆက် ဖို့ကြိုးစားမှာပါ။ ဘရက်စ်ပဲရွေးထားမယ်။
■ လူအယ်ဗာ - လိုင်ယွန် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် ည ၁၁း၃၅)
(၃)ပွဲဆက်အနိုင်ရလဒ်နဲ့ လိုင်ယွန်တို့တန်းဆင်းဇုန်ပြင်ပ ရုန်းထွက်လာနိုင်ခဲ့ပါပြီ။ လူအယ်ဗာအိမ်ကွင်းကစားပုံမာကျောပေမယ့် ယုံကြည်မှုပြန်ရနေတဲ့ လိုင်ယွန်ကိုပဲ ရွေးထားမယ်။
■ လန်းစ် - PSG (မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၅ ရက် နံနက် ၂း၁၅)
လန်းစ်ရဲ့ အိမ်ကွင်းကစားအားနဲ့ ရလဒ်ပိုင်းက ကြောက်ခမန်းလိလိပါပဲ။ အိမ်ကွင်းဆိုရင် တိုက်စစ်အားပိုကောင်းတဲ့ လန်းစ်ရဲ့ ကစားပုံက ပြိုင်ဘက်တွေအတွက် အိပ်မက်ဆိုးဖြစ်စေခဲ့တာပါ။ လက်ရှိမှာလည်း လန်းစ်တို့ ခြေစွမ်းပိုင်းတည်ငြိမ်နေသလို ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် အမှားခံလို့မရတဲ့အခြေအနေဖြစ်လို့ အိမ်ကွင်းပွဲမှာ အမှတ်ရဖို့ရုန်းကန်လာပါလိမ့်မယ်။ PSG အနေနဲ့လည်း ကစားသမားစုဖွဲ့မှုနဲ့ ရလဒ် ပိုင်းမှာ အသာရထားတယ်ဆိုပေမယ့် အဝေးကွင်းမှာတော့ ထင်တိုင်းပေါက်ဖို့ခက်ပါလိမ့်မယ်။ သရေဆိုတာ နှစ်သင်းစလုံးအတွက် မျှတတဲ့ရလဒ်ပါ။ ဂိုးလည်းနည်းနိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
