၂၀၂၄ သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ၏ ဆုကြေးကို စံချိန်တင်အဖြစ် ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်းတိုးမြှင့်ထားကြောင်း သိရသည်။
ယခုနှစ်အတွက် ပထမဆုံး ဂရင်းစလင်းပြိုင်ပွဲဖြစ်သည့် ၁၁၂ ကြိမ်မြောက် သြစတြေးလျအိုးပင်းပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးစုစုပေါင်း သြစတြေးလျဒေါ်လာ ၈၆ ဒသမ ၅ သန်း (ပေါင် ၄၆ ဒသမ ၅ သန်း) ချီးမြှင့်မည် ဖြစ်သည်။
ယင်းပမာဏမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်ဆုကြေးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ပြိုင်ပွဲထက် ၁၃ ဒသမ ၀၇ ရာခိုင် နှုန်း တိုးမြှင့်ထားခြင်းဖြစ်သည်။ လက်ရည်စစ်ပွဲနှင့် အစောပိုင်းအဆင့်များတွင် ဆုကြေးအများဆုံး တိုးမြှင့်ပေးထားပြီး ပထမအဆင့် တွင် စတင်ယှဉ်ပြိုင်ရမည့် ကစားသမားများအနေဖြင့် သြစတြေးလျဒေါ်လာ ၁၂၀၀၀၀ (ယခင်နှစ်ထက် ၁၂ ဒသမ ၉၄ ရာခိုင်နှုန်း ပိုများ) ရရှိမည်ဖြစ်သည်။
တစ်ဦးချင်းပြိုင်ပွဲတွင် ဗိုလ်စွဲမည့် ကစားသမားများမှာ ယခင်နှစ်က သြစတြေးလျ ဒေါ်လာ ၂ ဒသမ ၉၇ သန်းရရှိခဲ့ရာမှာ ယခု နှစ်တွင် ၃ ဒသမ ၁၅ သန်းသို့ တိုးမြှင့်ရရှိမည် ဖြစ်သည်။ ပြိုင်ပွဲတစ်ခုလုံး၏ ဆုကြေးမှာလည်း လွန်ခဲ့သည့် ၁၀ နှစ် ၂၀၁၄ ခုနှစ်က ချီးမြှင့်ခဲ့ သည့် သြစတြေးလျဒေါ်လာ ၃၃ သန်းထက် ၁၆၂ ရာခိုင်နှုန်းအထိ တိုးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဂျိုကိုဗစ် (ဆားဘီးယား) နှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ရှီအွန်တက် (ပိုလန်) က ဆီဒင် ၁ ရရှိထားပြီး ဂျိုကိုဗစ်နှင့် ဆာဘာလန်ကာမှာ ချန်ပီယံဆုကာကွယ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
