စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်း၏ဘုတ်အဖွဲ့ဝင်အချို့သည် နာမည်ကျော် PSG တိုက်စစ်မှူး ဘာပေထက် အသင်းနှင့် ပိုကိုက်ညီမည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန် ကို ခေါ်ယူရန် အလိုရှိနေကြကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
အသက် ၂၅ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေသည် ယခုရာသီကုန်တွင် PSG အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိတွင် ပြည်ပကလပ်များနှင့် အပြောင်းအရွှေ့ကိစ္စရပ်များအတွက် ဆွေးနွေးခွင့်ရရှိထားသည်။ သို့သော် PSG အသင်းသည် ဘာပေအား အသင်းတွင် ဆက်ထိန်းထားနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကိုယ်တိုင်က ဘာပေကို ပါရီတွင်သာ ဆက်ရှိစေလိုကြောင်း ပြောကြားထားသည်။
ဘာပေအနေဖြင့် လာမည့် ၂၀၂၄ နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရထားပြီဟု သတင်းထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်အထိ သဘောမတူညီမှု မရှိသေးကြောင်းလည်း သိရှိရသည်။
ယင်းအခြေအနေတွင် ရီးယဲလ်မက်ဒရစ် အသင်းဘုတ်အဖွဲ့ဝင်အချို့က ဘာပေထက် အသင်းနှင့်ပိုကိုက်ညီနိုင်သည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကို ခေါ်ယူရန် အလိုရှိနေကြကြောင်း သိရှိရသည်။ အသက် ၂၅ နှစ်အရွယ်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်မှူး အိုဆင်မန်သည် ပြီးခဲ့သည့်ဒီဇင်ဘာလကမှ နာပိုလီအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
သို့သော် ယင်းစာချုပ်တွင် အိုဆင်မန်အား လျော်ကြေး ယူရိုသန်း ၁၃၀ ဖြင့် ခေါ်ယူခွင့်ရှိသည်ဆိုသော အချက်ပါဝင်ကြောင်း သိရှိရသည်။ ယင်းပမာဏမှာ ရီးယဲလ်မက်ဒရစ်အသင်း တတ်နိုင်သည့်ပမာဏဖြစ်ရာ မသေချာသည့် ဘာပေထက် အိုဆင်မန်ကိုခေါ်ယူရန် ရီးယဲလ်ဘုတ်အဖွဲ့ဝင်အချို့ အလိုရှိနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
