တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် လီဗာပူးလ်ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းက ၎င်းအနေဖြင့် ဘုန်း မောက်အသင်းနှင့်ကစားမည့်ပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
အသက် ၂၃ နှစ်အရွယ်ရှိ ဆိုဘိုဆလိုင်းသည် ဇန်နဝါရီ ၁ ရက်က နယူးကာဆယ်ကို (၄-၂) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ယင်းကတည်းက အနားယူနေရသူဖြစ်သည်။
၎င်းသည် လက်ရှိတွင် လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေပြီဖြစ်ပြီး ဇန်နဝါရီ ၂၁ ရက်တွင် ကစားမည့် ဘုန်းမောက်နှင့် ပရီးမီးယားလိဂ်ပွဲ၌ ပါဝင်ကစားနိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။
ဆိုဘိုဆလိုင်းက "လေ့ကျင့်မှုတွေ ပြုလုပ်နေပြီဖြစ်ပြီး ဒဏ်ရာအခြေအနေက တိုးတက်မှု ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ ပြန်ကစားဖို့ အလျင်မလိုပါဘူူး။ ကျွန်တော် သိပ်မကြာခင် ပြန်လာတော့မှာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
