လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က လက်ရှိတွင် အသင်းအတွက် ခြေစွမ်းပြနေသည့် အင်္ဂလန်ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ်အား အစောပိုင်းတွင် ပွဲကစားခွင့် များစွာမပေးမိခဲ့သည့်အတွက် တောင်းပန်ကြောင်း ပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ်ရှိ ကာတစ်ဂျုံးစ်သည် နောက်ပိုင်းပွဲစဉ်များတွင် လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြနေပြီး နောက်ဆုံးကိုးပွဲတွင် ဂိုးပါဝင်ပတ်သက်မှု ခြောက်ကြိမ် (၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂ ကြိမ်) ပြုလုပ်ပေးထားသည်။ ကာတစ်ဂျုံးစ်အနေဖြင့် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားခွင့်ရထားသော်လည်း ပွဲအများစုမှာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကာတစ်ဂျုံးစ်သည် ဖူလ်ဟမ်အသင်းအား (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည့် လိဂ်ဖလားဆီမီးဖိုင်နယ် ပ-ကျော့ ပွဲစဉ်အပြီးတွင် ၎င်းအနေဖြင့် လီဗာပူးလ်အသင်းတွင် ရုန်းကန်ခဲ့ရကြောင်း ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။
ကာတစ်ဂျုံးစ်က "လီဗာပူးလ်အသင်း မှာ ကစားရတာ မလွယ်ပါဘူး။ ကိုဒီ(ဂက်ပို) ဆိုရင် ဒီ(လီဗာပူးလ်) မှာ တစ်နှစ်လောက်ပဲ ရှိသေးတာပါ။ ဒါပေမဲ့ သူကိုယ်တိုင်က ကျွန်တော့်အတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန် တော့်အနေနဲ့ လီဗာပူးလ်အတွက်ပဲ အာရုံစိုက်ထားတာပါ။ တခြားဘာကိုမှ မတွေးပါဘူး။ ကျွန်တော့်မှာ စွမ်းရည်တွေရှိကြောင်းလည်း ကျွန်တော် သိပါတယ်။ ကျွန်တော် လိုအပ်နေတာက ပွဲတွေများများကစားခွင့်ရဖို့ ပါ။ အခု ကျွန်တော့်အနေနဲ့ ပွဲတွေဆက်တိုက် ကစားခွင့်ရဖို့ သက်သေပြနေတယ်လို့ ထင်ပါတယ်။ ပွဲတွေ ဆက်တိုက်ကစားခွင့်ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
ကာတစ်ဂျုံးစ်အနေဖြင့် ယင်းကဲ့သို့ပြောကြားပြီးနောက်တွင် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အစောပိုင်းတွင် ပွဲကစားခွင့် များစွာမပေးမိခဲ့ခြင်းအတွက် ကာတစ်ဂျုံးစ်ကို တောင်းပန်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယာဂန်ကလော့ပ်က "ကာတစ်(ဂျုံးစ်) က ကျွန်တော်တို့အတွက် အလွန့်အလွန့်ကို အရေးပါတဲ့ ကစားသမားပါ။ ဒါကို သူလည်း သိပါတယ်။ မထင်မှတ်ဘဲ သူ့ရဲ့အင်တာဗျူးကို ကျွန်တော် ကြားခဲ့ရတယ်။ သူက ပွဲတွေ အများကြီး ကစားခွင့်ရချင်တယ်လို့ ပြောဆိုခဲ့တယ်။ သူ အဲဒီလိုပြောတာကို ကျွန်တော် သဘောကျပါတယ်။ ဒီတော့ အစောပိုင်းက ပွဲကစားခွင့်တွေအများကြီး မပေးမိခဲ့တဲ့အတွက် ကာတစ်ကို ကျွန်တော် တောင်းပန်ပါတယ်။ သူဟာ အခုအချိန်မှာ ကစားသမားဘဝ နောက်တစ်ဆင့်ကို တက်ရောက်ဖို့အတွက် အကြီးမားဆုံးခြေလှမ်းကို လှမ်းနေတာပါ။ သူဟာ နောက်ပိုင်းပွဲတွေမှာ ကွင်းအတွင်း ကြံ့ခိုင်မှုအပြည့်ဝဆုံးကစားသမားနဲ့ တူပါတယ်။ သူဟာ ပွဲစဉ်တစ်ပွဲမှာ ပြိုင်ဘက်နဲ့ ထိခိုက်မိပြီး လဲကျသွားတယ်။ ကျွန်တော်က သူ ဒဏ်ရာရသွားပြီလို့ ထင်ပေမဲ့ စက္ကန့်အနည်းငယ်အကြာမှာပဲ သူ ထလာပြီး ဂိုးသွင်းတော့တာပါပဲ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
