PSG တောင်ပံကစားသမား ဒီ မာရီယာက ၂၀၁၄ ကမ္ဘာ့ဖလားဖိုင် နယ်တွင် မိမိအား ထည့်မကစားရန် အာဂျင်တီးနားအသင်းထံ ရီးယဲလ်အ သင်းက စာပို့တောင်းဆိုခဲ့သည်ဟု အာဂျင်တီးနားရုပ်သံ Telefe သို့ ပြောကြားခဲ့သည်။
PSG တောင်ပံကစားသမား ဒီ မာရီယာက ၂၀၁၄ ကမ္ဘာ့ဖလားဖိုင် နယ်တွင် မိမိအား ထည့်မကစားရန် အာဂျင်တီးနားအသင်းထံ ရီးယဲလ်အ သင်းက စာပို့တောင်းဆိုခဲ့သည်ဟု အာဂျင်တီးနားရုပ်သံ Telefe သို့ ပြောကြားခဲ့သည်။
ရီးယဲလ်မက်ဒရစ်သည် ဒီမာရီယာအား နွေရာသီအပြောင်းအရွှေ့ ကာလတွင် ရောင်းချလိုနေပြီး ဒီမာရီယာမှာ ဘယ်လ်ဂျီယံနှင့် ကွာတားဖိုင်နယ်တွင် ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကိုလွဲချော်ခဲ့ပြီး ဖိုင်နယ်တွင်မူ ပွဲကစားမည်ဆိုပါက ကစား၍ရသည့် အနေအထားတွင် ရှိနေခဲ့သည်။
သို့သော် ဒဏ်ရာပြင်းထန်သွားပါက ရောင်းချရခက်ခဲမည်ကို ရီးယဲလ်အသင်းက စိုးရိမ်ခဲ့ပြီး ဒီမာရီယာကို ပွဲမထုတ်ရန် အာဂျင်တီးနားအသင်းထံ စာပို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဒီမာရီယာက "ဒီကိစ္စကို သိတာ ကျွန်တော်ရယ်၊ ဒန်နီယဲလ်မာတီနက်ဇ်(ဆရာဝန်)ရယ်၊ ဆာဘယ်လာ(နည်းပြ)ရယ်ပဲ ရှိပါတယ်။ ကွာတားမှာ ကျွန်တော် ဒဏ်ရာတစ်ခုရတယ်။ အပြည့်အဝ ပြန်မသက်သာပေမယ့် (၉၀)ရာခိုင်နှုန်းလောက် ကန်နိုင်ပါသေးတယ်။ ရီးယဲလ်က ကျွန်တော့်ကို ရောင်းချင်နေပြီး အဲဒါကြောင့်ပဲ ထည့်မကစားဖို့ စာပို့ခဲ့တယ်။ အဲဒီစာကို ကျွန်တော် ဆွဲဖြဲပစ်ခဲ့ပါတယ်။ ဆေးထိုးပြီး ကစားဖို့ လုပ်ထားပေမယ့် အစည်းအဝေးလုပ်ပြီးတဲ့နောက် ကျွန်တော့်အစား အန်ဇိုပီရက်ဇ်ကိုပဲ ထည့်ကစားခဲ့ရတယ်"ဟု ဖွင့်ဟခဲ့သည်။
အဆိုပါပြိုင်ပွဲအပြီးတွင် ရီးယဲလ်အသင်းသည် ဒီမာရီယာအား မန်ယူအသင်းထံ ပေါင်(၅၉.၇)သန်းဖြင့် ရောင်းချခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
