ရပ်ရှ်ဖို့ဒ် ■ မန်ယူအသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ဒေသတွင်း ကလေးငယ်များနှင့် မိသားစုဝင်များအတွက် FareShare လူမှုအဖွဲ့အစည်းမှတစ်ဆင့် အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ပီကေး ■ ဘာစီလိုနာအသင်း နောက်ခံလူ ပီကေးသည် စပိန်နိုင်ငံရှိ ကြက်ခြေနီအဖွဲ့ အတွက် ဝိုင်းဝန်းကူညီပေးရန် Instagram မှတစ်ဆင့် လှုံ့ဆော်ခဲ့ပြီး နဒါးလ်၊ ဂတ်ဆိုးလ် ကဲ့သို့ စပိန်အားကစားကြယ်ပွင့်များကလည်း အလားတူ တိုက်တွန်းထားသည်။
မီလစ်ခ် ■ နာပိုလီအသင်းတိုက်စစ်မှူး မီလစ်ခ် ပိုင်ဆိုင်သည့် ပိုလန်နိုင်ငံတောင်ပိုင်း Katowick မြို့ရှိ Food & Ball စားသောက်ဆိုင်က ဆေးရုံများအတွက် အစားအသောက်များချက်ပြုတ်၍ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ၎င်းမှာမူ ယခုအချိန်အထိ နေပယ်လ်မြို့၌ ဆက်လက်နေထိုင်ဆဲဖြစ်ကြောင်း သိရသည်။
ရမ်ဆေး ■ ဂျူဗင်တပ်စ်အသင်း၏ ဝေးလ်စ် လက်ရွေးစင် ကွင်းလယ်လူ ရမ်ဆေးသည် ဗြိတိန်အမျိုးသားကျန်းမာရေးဌာန (NHS) အတွက် ရန်ပုံငွေရှာဖွေပေးနေသည့် Charity Cardiff and Vale Health ရန်ပုံငွေအဖွဲ့သို့ ပေါင် (၁ဝဝဝဝ) လှူဒါန်းခဲ့သည်။
ရိုးမား ■ ရိုးမားအသင်းသည် အသင်း၏ တစ်ရာသီစာ လက်မှတ်များကို ဝယ်ယူထားကြသည့် အသက် (၇၅)နှစ်နှင့်အထက် ပရိသတ်များအား အစားအသောက်များ၊ ဘီယာများ၊ ဓာတ်ခွဲခန်းသုံး မျက်နှာဖုံးများ၊ လက်အိတ်များနှင့် hand sanitizer များ ပါဝင်သည့် လက်ဆောင်ထုပ်များကို ပို့ပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
