အင်တာမီလန်ဂိုးသမား ဟန်ဒါနိုဗစ်က မိမိအနေဖြင့် အသင်းနှင့်အတူ ဆုဖလားများ ရယူလိုကြောင်း ပြောကြားခဲ့သည်။
အင်တာမီလန်ဂိုးသမား ဟန်ဒါနိုဗစ်က မိမိအနေဖြင့် အသင်းနှင့်အတူ ဆုဖလားများ ရယူလိုကြောင်း ပြောကြားခဲ့သည်။
အသက် (၃၅)နှစ်အရွယ်ရှိ ဆလိုဗေးနီးယားဂိုးသမား ဟန်ဒါနိုဗစ်သည် ၂၀၁၂ ခုနှစ်တွင် အူဒီးနီးစ်အသင်းမှ အင်တာမီလန်အသင်းသို့ ယူရို (၁၉)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
အင်တာမီလန်အသင်းသည် ၂၀၁၀-၁၁ ရာသီတွင် ကိုပါအီတာလီယာဖလား ရရှိပြီးနောက် ဆုဖလားများနှင့် ဝေးကွာခဲ့ရသည်။
ဟန်ဒါနိုဗစ်က "လက်ရှိမှာတော့ ဘာဖြစ်မလာလဲဆိုတာကို ကျွန်တော်တို့အား သတိထားစောင့်ကြည့်နေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကျွန်တော်တို့အနေနဲ့ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အတိုင်း နေထိုင်နေပါတယ်။ လက်ရှိအချိန်မှာ ဘောလုံးကို အာရုံစိုက်ဖို့ ခက်ခဲပေမယ့် ကျွန်တော်တို့အနေနဲ့ အိမ်မှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ဘောလုံးပွဲတွေ ပြန်လည်ကစားနိုင်မယ်ဆိုရင် ကျွန်တော်အနေနဲ့ အသင်းနဲ့အတူ ဆုဖလားတွေ ရယူလိုပါတယ်"ဟု ပြောကြားခဲ့သည်။
အင်တာမီလန်အသင်းသည် ယခုရာသီတွင် စီးရီးအေပြိုင်ပွဲ၌ အဆင့် (၃)နေရာ၌ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲတွင် ရှုံးထွက် (၁၆)သင်းအဆင့် တက်ရောက်ထားသလို၊ ကိုပါအီတာလီယာဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
