နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထုဘေးကင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို နှောင့်ယှက် တားဆီးဖျက်ဆီးသော ကျူးလွန်မှုမျိုးကို ထိရောက်ဟန့်တားမည့် ဆောင်ရွက်ချက်များဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာအသံနှင့် ရုပ်မြင်သံကြား (MRTV) က ဖေဖော်ဝါရီ ၈ ရက်တွင် သတင်းဖော်ပြသည်။
“ပြည်သူသို့ မေတ္တာရပ်ခံချက်” ဟူသော ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် MRTV ကဖော်ပြခဲ့ပြီး အဆိုပါဖော်ပြချက်တွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီကျင့်စဉ်အရ လူတိုင်းတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်ရှိကြောင်း၊ ထိုလွတ် လပ်မှုသည် သူတစ်ပါးအား မထိပါးစေရကြောင်း ၊ မိမိနှင့် သဘောထားအယူအဆ မတူသူကိုလည်း ကွဲလွဲခွင့် ပေးရကြောင်း၊ မတားဆီးရကြောင်း၊ မထိပါးရကြောင်း စသည်ဖြင့် MRTV ၏ ဖော်ပြချက်တွင် ပါရှိသည်။
သို့သော်လည်း ယခုအခါ ဒီမိုကရေစီ လူ့အခွင့်အရေးကို အကြောင်းအမျိုးမျိုးပြကာ အခြားသူများအား အုပ်စုဖွဲ့ အတင်းအကြပ်ပြုခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများအထိ ဥပဒေကို ချိုးဖောက်မှုအချို့ ရှိလာခဲ့ပြီး စည်းကမ်းမရှိလျှင် ဒီမိုကရေစီ ပျက်စီးနိုင်ကြောင်း MRTV က ဖော်ပြသည်။
တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ အေးချမ်းလုံခြုံခြင်းကို လိုလားကြသည့် ပြည်သူလူထု တစ်ရပ်လုံးက ဥပဒေမဲ့ ကျူးလွန်သူများကို လက်မခံကြရုံသာမက နိုင်ငံလူမျိုးအကျိုးအတွက် ပူးပေါင်းလက်တွဲ ကာ တားဆီးပယ်ရှားကြရန် မေတ္တာရပ်ခံကြောင်း MRTV က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
