ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက မက်ဆီနှင့် ၎င်းတို့အကြား ယှဉ်ပြိုင်မှုမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့သည် လက်ရှိ ကမ္ဘာ့ဘောလုံးလောကတွင် အကျော်ကြားဆုံးပုဂ္ဂိုလ်များဖြစ်ပြီး အကောင်းဆုံးဆုများကို ဆယ်စုနှစ်တစ်ခုကျော်ကြာ တစ်ဦးနှင့်တစ်ဦး အပြိုင်လုခဲ့သူများဖြစ်သည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံးသည် ဥရောပအဆင့်မြင့်ဘောလုံးပြိုင်ပွဲကို စွန့်ခွာကာ စီရော်နယ်လ်ဒို (၃၈ နှစ်)က ဆော်ဒီပရိုလိဂ်နှင့် မက်ဆီ (၃၆ နှစ်)က အမေရိကန်မေဂျာလိဂ်သို့ အသီးသီးပြောင်းရွှေ့ခဲ့ကြသည်။
စီရော်နယ်လ်ဒိုက "တကယ်လို့ ခင်ဗျားက စီရော်နယ်လ်ဒို ပရိသတ်ဆိုရင် ခင်ဗျားအနေနဲ့ မက်ဆီကို မုန်းစရာ မလိုပါဘူး။ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ ဘောလုံးသမိုင်းကို ပြောင်းလဲခဲ့သူတွေဖြစ်ပြီး လေးစားမှုခံရသင့်သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်မှုက ပြီးဆုံးသွားပါပြီ။ အခုထိလည်း ကျွန်တော်တို့ (ဆော်ဒီနဲ့ အမေရိကန်မှာ)အကောင်းဆုံးစွမ်းဆောင်နိုင်တုန်းပါပဲ။ သူနဲ့ ကျွန်တော်တို့အကြား ယှဉ်ပြိုင်မှုလား။ ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး။ ကျွန်တော်တို့ ဘောလုံးစင်မြင့်မှာ (၁၅) နှစ်အတူတူ ရှိနေခဲ့ကြတယ်။ ကျွန်တော်တို့က သူငယ်ချင်းတွေလို့ မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိပါတယ်။ ယှဉ်ပြိုင်မှုက ကောင်းပါတယ်။ ဒါကို ပရိသတ်တွေ သဘောကျကြတယ်" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
