လီဗာပူးလ်တောင်ပံတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်က မိမိအနေဖြင့် လီဗာပူးလ်အသင်းတွင် အလွန်ပျော်ရွှင်နေပြီး အသင်းနှင့်အတူ အောင်မြင်မှုများ ရယူနိုင်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။
အသက် (၂၆) နှစ်အရွယ်ရှိ ကိုလံဘီယာလက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ဒီယက်ဇ်သည် ၂၀၂၂ ဇန်နဝါရီတွင် ပေါ်တိုအသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင် (၃၇.၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် ဆော်ဒီကလပ်များ၏ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့သော်လည်း လီဗာပူးလ်အသင်းတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။ ဒီယက်ဇ်က "လီဗာပူးလ်လို ကြီးကျယ်ခမ်းနားတဲ့ အသင်းကြီးမှာ ကစားခွင့်ရလို့ ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ဒီမှာ ရှိနေရတာကို အရမ်းသဘောကျပြီး အရမ်းလည်း ပျော်ရွှင်ရပါတယ်။ ကျွန်တော့်အနေနဲ့ လီဗာပူးလ်အသင်းမှာ ရှိနေတဲ့ မိနစ်တိုင်းကို ခံစားနိုင်ဖို့ ကြိုးစားနေပါတယ်။ TV မှာသာမြင်ဖူးတဲ့ နာမည်ကြီးက စားသမားတွေနဲ့ ဒီမှာ တွဲဖက်ကစားခွင့်နေရတာက အိပ်မက်တွေ အကောင်အထည်ပေါ်လာတာဖြစ်ပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
