နာပိုလီအသင်းသည် အသင်းတောင်ပံကစားသမား ခွာရတ်စကယ်လီယာအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှု အဆင်မပြေဖြစ်နေသည် ဆိုသောသတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ပယ်ချခဲ့သည်။
အသက် (၂၂) နှစ်အရွယ်ရှိ ဂျော်ဂျီယာလက်ရွေးစင်တောင်ပံကစားသမား ခွာရတ်စကယ်လီယာသည် ပြီးခဲ့သည့် ၂၀၂၂ ကမှ ဂျော်ဂျီယာကလပ် ဒိုင်နမိုဘာတူမီအသင်းမှ နာပိုလီအသင်းသို့ ယူရို (၁၂) သန်းဝန်းကျင် ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် နာပိုလီအတွက် ပွဲဦးထွက်ရာသီမှာပင် ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၄၃) ပွဲတွင် (၁၄) ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁၇) ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သည်။
ခွာရတ်စကယ်လီယာအနေဖြင့် နာပိုလီအသင်း စီးရီးအေ ချန်ပီယံဆုရရှိရာတွင် အဓိကနေရာမှ ပါဝင်ခဲ့ခြင်းကြောင့် ၎င်းကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းကြီးများက စိတ်ဝင်စားခဲ့ကြသည်။
ထို့ကြောင့် နာပိုလီအသင်းသည် ခွာရတ်စကယ်လီယာအား နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းနေပြီး ယင်းမှာ အဆင်မပြေဖြစ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။
သို့သော် နာပိုလီအသင်းက အဆိုပါသတင်းများမှာ လုံးဝမဟုတ်မှန်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ နာပိုလီအသင်း၏ ထုတ်ပြန်ချက်တွင် "မီဒီယာအချို့က ကစားသမားအေးဂျင့်များထံမှရသည့် သတင်းများကို ဖော်ပြနေကြကြောင်း၊ နာပိုလီအသင်းအနေဖြင့် ခွာရတ်စကယ်လီယာအား စာချုပ်သစ်ချုပ်ဆိုရန် ညှိနှိုင်းမှု အဆင်မပြေဖြစ်နေသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း၊ အသင်းနှင့် (၄) နှစ်စာချုပ်သက်တမ်းရှိနေသည့် ကစားသမားကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းခြင်းပင် မရှိကြောင်း" ဖော်ပြပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
