ဟင်္သာတမြို့၌ သံပုံးတီး ဆန္ဒထုတ်ဖော်သဖြင့် ဖမ်းဆီးခံရသူများကို ပြည်သူအင်အား အများအပြား ဝန်းရံခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြေလည်ခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူ အများအပြား ထိုသို့ဝန်းရံ တောင်းဆိုမှုကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် ဟင်္သာတ တရားရုံးရှေ့၌ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
“သံပုံးတီးတဲ့ သူတွေကို ဖမ်းသွားတာက ခြောက်ယောက်မှာ ပထမ တစ်ယောက်ကတော့ ပြည်သူတွေ မလိုက်မိလိုက်လို့ ထောင် ခုနစ်ရက် ကျသွားတယ်။ ဒါပေမယ့် ဆက်လက်ပြီးတော့ အမှုစွဲတင်မယ့် ငါးယောက်ကို လာဝန်းရံတာပါ။ သံပုံးတီးတဲ့ ငါးယောက်ကို တရားရုံး မတင်ဘဲ ပြည်သူ့ရဲတွေဘက်က အမှုကို လုံးလုံး ပိတ်ပေးလိုက်ပါတယ်။ ပြည်သူတွေကို လိုက်လိုက်လျောလျောနဲ့ ပြည်သူ့ဘက်က ရပ်တည်တဲ့ ရဲတွေ ဖြစ်တဲ့အတွက် ပြည်သူတွေက အသိအမှတ်ပြုပါတယ်။ အကုန်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူစုခွဲပေးဖို့ ပြန်တောင်းဆိုပါတယ်”ဟု ဝန်းရံပြည်သူ ဦးဆောင်သူတစ်ဦးဖြစ်သူ မသင်းရွှေစင်လှိုင်က အတည်ပြု ပြောကြားသည်။
အဆိုပါ ဝန်းရံတောင်းဆိုမှုကို ဒေသခံ ပြည်သူများက ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီခန့်၌ စတင်စုဝေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၁ နာရီခွဲ၌ ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
