အသက်အန္တရာယ် စိုးရိမ်ရသော အရေးပေါ်လူနာများမှလွဲ၍ လူနာသစ်များ လက်မခံတော့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်းများက ဖေဖော်ဝါရီ ၈ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်တွင် ယခုဆေးရုံတွင် ကျန်ရှိနေသော လူနာများအား ဆက်လက် ကုသပေးမည်။ နောက်ထပ် လူနာအသစ်များ လက်မခံတော့ပါ။ နီးစပ်ရာ တပ်မတော်ဆေးရုံကြီးများသို့သာ သွားရောက် ပြသပေးကြပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။ခန္တီးဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအားလုံး CDM ထောက်ခံသည့်အနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ အာဏာရယူထားသည့်အစိုးရ လက်အောက်တွင် အလုပ်တာဝန်များ လုပ်ကိုင်ခြင်း မပြုတော့ပါ။ သို့သော် အသက်အန္တရာယ်ရှိသော အရေးပေါ်လူနာများအား ဆက်လက်၍ လက်ခံကုသပေးသွားမည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း၊ စာရင်းဇယား လုပ်ဆောင်ခြင်း လုပ်ငန်းများကိုလည်း ရပ်နားထားမည် ဖြစ်သည်။ ခန္တီးမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ ဆရာဝန်များသည် CDC နှင့် RRMM ကို ဆက်လက် ထောက်ခံရင်း အသက်အန္တရာယ်ရှိသော အရေးပေါ် လူနာများအား လက်ခံကုသပေးသွားမည်ဖြစ်၍ အရေးပေါ် အခြေအနေမှသာ ဆေးရုံသို့လာကြပါရန် တောင်းဆိုအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
