အများပြည်သူ၏ သဘောဆန္ဒနှင့် မဆန့်ကျင်သော အစိုးရတစ်ရပ် အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းသော နည်းလမ်း၊ ဓမ္မနှင့်လျော်ညီသော နည်းလမ်းများဖြင့် ဆောင်ရွက်ကြရန် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီးများက ဖေဖော်ဝါရီ ၈ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်သည်။
သီတဂူသာသနာပြုအဖွဲ့ကြီးသည် တိုင်း နှင့်ပြည်နယ် နေရာဒေသအသီးသီးတွင် လူမျိုးဘာသာမရွေး တိုင်းသူ ပြည်သားအားလုံး တို့၏ ကျန်းမာရေး၊ ပညာရေးတို့ကို ရှေးရှုကာ လောကတ္ထစရိယလုပ်ငန်းများကို နှစ်ပေါင်း ၄၀ ကျော်တိုင်တိုင် ဆောင်ရွက်လုပ်ကိုင်နေသော သာသနာပြုအဖွဲ့အစည်းကြီးဖြစ်ကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၏ သဘောထားကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးကိစ္စရပ်များမှာ ဓမ္မလမ်းကြောင်းမှ သွေဖည်၍ အဓမ္မလမ်းကြောင်း၌ လျှောက်လှမ်းနေသည်ဟု ထင်မြင်ယူဆသည့်အတွက် ရဟန်းရှင်လူ တိုင်းသူပြည်သားများ နှလုံးစိတ်ဝမ်း မချမ်း မမြေ့ ဖြစ်နေကြသည်ဟု သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်ကြီးများက သဘောထားကြေညာချက် ထုတ်ပြန်သည်။
တိုင်းသူပြည်သားများ နှလုံးစိတ်ဝမ်း မချမ်းမမြေ့ဖြစ်ကြရမည့် မည်သည့်ဆောင်ရွက်ချက်မျိုးကိုမဆို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများရှိ သံဃာတော်များကလည်း လက်ခံ သဘောတူမည်မဟုတ်ကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများက သဘောထားကြေညာချက် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ငြိမ်းချမ်းသာယာခြင်းကို ပြုတတ်၊ ပြော တတ်သောသူတို့ မပါရှိသော အဖွဲ့အစည်း သည် ဓမ္မနှင့်လျော်ညီသော အဖွဲ့အစည်း မဟုတ်ကြောင်း၊ ဓမ္မနှင့်လျော်ညီသော အမှုကို ပြုတတ်၊ ပြောတတ်သော ပုဂ္ဂိုလ်တို့ ပါဝင် သော အဖွဲ့အစည်းသည်သာလျှင် ငြိမ်းချမ်း သာယာခြင်းကို ဆောင်ရွက်နိုင်သော အဖွဲ့ အစည်းဖြစ်ကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်ကြီးများက သဘောထားကြေညာချက် ထုတ်ပြန်သည်။
ထို့ကြောင့် အများပြည်သူ သဘောဆန္ဒ နှင့် မဆန့်ကျင်သော အစိုးရတစ်ရပ် အမြန် ဆုံးပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်း သောနည်းလမ်း၊ ဓမ္မနှင့်လျော်ညီသော နည်း လမ်းများဖြင့် ဆောင်ရွက်ကြရန် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများရှိ သံဃာတော် အပေါင်းတို့က အလေးအနက် တိုက်တွန်း ကြောင်း အဆိုပါ သဘောထားကြေညာချက် တွင် ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
