အိမ်များတွင် အကျယ်ချုပ် ထားရှိ ထားသည့် စစ်ကိုင်းတိုင်း၊ ကရင်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့အား ဖေဖော်ဝါရီ ၈ ရက် တွင် ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရ သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်အားအရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော်သို့ အာဏာလွှဲပြောင်းပြီးနောက် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်အပါအဝင် ဝန်ကြီးချုပ်များ လည်း ဖမ်းဆီးထိန်းသိမ်းခံရပြီး ဖေဖော်ဝါရီ ၂ ရက်တွင် ဝန်ကြီးချုပ်အများစုသည် ပြန် လည်လွတ်မြောက်လာကာ အစိုးရနေအိမ် များတွင် အကျယ်ချုပ်ထားရှိ ထိန်းသိမ်းထား ခြင်းဖြစ်သည်။
ထိုသို့ နေအိမ်အကျယ်ချုပ်ထားရှိရာမှ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အား တပ်မတော်ကထပ်မံ၍ ဖမ်း ဆီးထိန်းသိမ်းခေါ်ဆောင်သွားကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
အလားတူကရင်ပြည်နယ်ဝန်ကြီးချူပ်ဒေါ်နန်းခင်ထွေးမြင့်ကို ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအိမ်ရာဝင်းအတွင်းမှ ထပ်မံဖမ်းဆီးထိန်းသိမ်း သွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးထိန်းသိမ်းမှုသည် မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို မသိရသေး သော်လည်း လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဗွီဒီယိုထုတ်လွှင့်ပြောဆိုမှုများ ကြောင့်ဖြစ်နိုင်ကြောင်း ၎င်းတို့နှင့်နီးစပ်သူ များက ပြောကြားသည်။
“ဘယ်အချက်နဲ့ ထပ်မံဖမ်းဆီးတာ လည်း ပြောတော့မတတ်ဘူး။ ဖြစ်နိုင်တာက ရုံးမတက်ဘဲဆန္ဒဖော်ထုတ်တဲ့ ဝန်ထမ်းတွေ ကို အနော်ထွေးကသူတို့ NLD နေရာပြန်ရ လာရင် အလုပ်ပြန်ခန့်ပေးမယ့်အပြင် ဝန် ထမ်းကောင်းလက်မှတ်ပါ ချီးမြှင့်ပေးမယ့် အကြောင်း ပြောမိလို့လားပဲ။ လက်ရှိအနေ အထားအရ တောင်ကလေးအကျဉ်းထောင် ကိုခေါ်သွားနိုင်တယ်”ဟု ဘားအံမြို့ခံတစ်ဦး က ပြောကြားသည်။
မည်သည့် အာဏာရှင်စနစ်မျိုးကိုမှ လက်သင့်မခံဘဲမူကိုကျင့်သုံးကာ လုပ်ဆောင် လျက်ရှိကြောင်း၊ ပြည်သူများ၏ ပူးပေါင်းပါ ဝင်မှုကြောင့် ၂၀၂ဝအထွေထွေရွေးကောက် ပွဲကို အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ တစ်ရပ်လုံးက Civil Disobedience Move-ments (CDM )တွင် ပူးပေါင်းပါဝင်နေသည့် အတွက် ဝမ်းသာကျေနပ်မိကြောင်း၊ ပွဲမပြီး သေးကြောင်း၊ စစ်အာဏာရှင်ကျဆုံးသည် အထိ ဆက်လက် လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ပြည်သူတစ်ရပ်လုံး၏ အင်အားကို နောက်မဆုတ်ဘဲ ရှေ့ဆက်ပြီးပူးပေါင်းပါဝင် လုပ်ဆောင်နေကြလိုကြောင်း၊ ထို့အတူ ပြည် သူ၏ဆန္ဒ၊ ပြည်သူ၏အမှန်ကို ၎င်းင်းတို့ အစိုးရ အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စွမ်း စွမ်းတမံ လုပ်ဆောင်ပေးမည်ဟု ကတိပြု ကြောင်း၊ အကျယ်ချုပ်မှ လွတ်မြောက်လာ သည့်အချိန် တွင် ၎င်းအနေဖြင့် ပြည်သူများ၏ တာဝန် ဝတ္တရားများကို ကျေကျေပွန်မွန်ထမ်း ဆောင် သွားမည်ဖြစ်ပြီး ပြည်သူများက ၎င်းတို့နှင့်အ တူပူးပေါင်းကာ စစ်အာဏာရှင် ကျရှုံးသည် အထိဆက်လက်တိုက်ပွဲဝင်ပေးကြရန်အနူးညွတ် မေတ္တာရပ်ခံတောင်းပန်ကြောင်း စသည်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က Facebook တွင် ထုတ်လွှင့်ခဲ့သည့် ဗွီဒီယိုတွင် ထည့်သွင်း ပြောကြားသည်။
ထို့ပြင် မွန်ပြည်နယ်ဝန်ကြီးဒေါက်တာအေးဇံကိုဖေဖော်ဝါရီ ၈ ရက် ညနေ ၄ နာရီခန့် က ၎င်း၏ ကျိုက်ထိုမြို့နေအိမ်မှ တပ်မတော် က ခေါ်ဆောင်သွားကြောင်း သိရသည်။
ဒေါက်တာအေးဇံအား ၎င်းင်း၏နေအိမ်မှ မခေါ်ဆောင်မီ နေအိမ်အတွင်းရှိ လက်ကိုင် ဖုန်းများအား သက်ဆိုင်ရာမှ လာရောက်သိမ်း ယူသွားခဲ့ကြောင်းနှင့် ဒေါက်တာအေးဇံနှင့် အတူ မွန်ပြည်နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် တစ်ဦးဖြစ်သူ ဦးသက်နိုင် ဦးကိုပါ ခေါ်ဆောင်သွားကြောင်း သိရ သည်။
ဖေဖော်ဝါရီ ၇ ရက်ကလည်း NLD ပါတီ ဗဟိုဒုတိယဥက္ကဋ္ဌ(၂)ဖြစ်သူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နေအိမ်အကျယ်ချုပ်ထားရှိသည့် အစိုးရနေအိမ်မှ အခြားနေရာသို့ပြောင်းရွှေ့ ခေါ်ဆောင် ထိန်းသိမ်းထားကြောင်းစုံစမ်းသိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းသည်လည်း နေအိမ် အကျယ်ချုပ်ထားရှိသည့် အစိုးရနေအိမ်မှ ဖေဖော်ဝါရီ ၅ ရက်တွင် နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
