ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) ညနေ ၅ နာရီခန့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအား ထောက်ခံကြောင်း တောင်ငူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များမှ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ပါတီဝင်အင်အား ၂၀၀ ဝန်းကျင်ခန့်ပါဝင်၍“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအားထောက်ခံပါသည်” ဟူသော အစိမ်းရောင်း ဗီနိုင်းဆိုင်းပုဒ်အား ကိုင်ဆောင်ကာ ကြွေးကြော်သံမပါပဲ ငြိမ်သက်စွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးမှ ညနေ ၅ နာရီခန့်တွင်စတင်ထွက်ခွာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူ တောင်ငူမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ကိုသက်လွင်ဦးက“ဒီထောက်ခံပွဲကို ရည်ရွယ်ချက်မရှိပဲလုပ်လိုက်တာ။ ရည်ရွယ်ချက်မရှိပဲလုပ်လိုက်တာ ဆိုတော့ အချိန်က လည်းနည်းသွားတော့ အချိန်တိုတွင်းမှာ တွန်းလုပ်လိုက်တော့ လူကနည်းနည်းပဲ ပါလာတာပေါ့။ ပါတီကနေပြီးတော့လုပ်တာပေါ့ ။ ပါတီကညွှန်ကြားတာ ညွှန်ကြားတယ်ဆိုတာကကျွန်တော့်ကိုညွှန်ကြားတာတော့ ခရိုင်ဥက္ကဋ္ဌပေါ့။ သူကနေပြီးတော့ ညနေဒီပွဲလေးရှိတယ်။ လုပ်ပေးပါဆိုလို့ လုပ်လိုက်တာ၊ ဒါပြီးရင် ဘာမှ မရှိဘူးနောက်ထပ်လည်းမရှိဘူး” ဟု ထောက်ခံပွဲလုပ်ဖြစ်ရသည့် အခြေအနေအားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအား ထောက်ခံကြောင်းဆန္ဒထုတ်ဖော်ခြင်းကို မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးရှေ့မှတောင်ငူမြို့မြောက်ဘက်အထွက် ဘုရင့်နောင် ရုပ်ထုကြီးအထိ ရန်ကုန်-မန္တလေးလမ်းမဟောင်းအတိုင်း ၄၅ မိနစ်ကြာခန့်ငြိမ်သက်စွာလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ညနေ ၆ နာရီခန့်တွင်လူစုခွဲ၍ဆန္ဒထုတ်ဖော်ပွဲပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက တောင်ငူမြို့တွင် လူအင်အား သိန်းဂဏန်းခန့် ပါဝင်သော ပြည်သူများက စစ်အာဏာရှင်ကို အလိုမရှိကြောင်း တောင်ငူမြို့တွင်း လမ်းများတွင် လမ်းလျှောက်ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ညနေ ၄ နာရီတွင် ဆိုင်ကယ်များဖြင့် ဟွန်းသံရှည်တီးကာ ဆန္ဒထုတ်ဖော်မှုများ ထပ်မံပြုလုပ်ခဲ့ကြကြောင်း သိရသည်။
တောင်ငူမြို့တွင် ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ၎င်း၏ Facebook စာမျက်နှာတွင်သတိပေး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
