လူငါးဦးထက် ပိုမိုစုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရန် ယနေ့ (ဖေဖော်ဝါရီ ၈ ရက်) တွင် ဒေသန္တရအမိန့်များ ထုတ်ပြန်သည်။
ယနေ့ ညနေ ၆ နာရီထိ စုံစမ်း သိရှိ ရသည်မှာ အဆိုပါ ဒေသန္တရအမိန့်များကို ရွှေဘို၊ မုံရွာ ၊ မန္တလေး၊ ဖားဆောင်း၊ လွိုင်ကော်၊ မြောင်းမြတွင်ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ -၁၄၄ အရ ထုတ်ပြန်သည့် ဒေသန္တရအမိန့်များတွင်ယခုအခါ လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် စိုးရိမ်ဖွယ်ရာရှိသည့် အပြုအမှုများကို ဆောင်ရွက်နေကြောင်း တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထိုသို့ ပြုမှုဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်ဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ဒေသန္တရအမိန့်ထုတ်ပြန်ထားသော မြို့နယ်များအတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း ဒေသန္တရအမိန့်များတွင် ဖော်ပြထားသည်။
ထို့အပြင် လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုသောသူများသည် ဒေသန္တရအမိန့်ထုတ်ပြန်ထားသော မြို့နယ်များ အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားလာရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်း မပြုရန်နှင့် ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရန် အဆိုပါ ဒေသန္တရအမိန့်များတွင် ပါရှိသည်။
ယခုအမိန့်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာ မရမချင်း အတည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများက လက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
