နေပြည်တော်သပြေကုန်းအဝိုင်းအနီးတွင် ဆန္ဒပြနေသူများကို ၁၅ မိနစ်အတွင်း လူစုခွဲရန် ရဲတပ်ဖွဲ့ကြေညာနေ
24htopnews | October 31, 2024 11:13 AM CST
နေပြည်တော်သပြေကုန်းအဝိုင်းအနီးတွင် ဆန္ဒပြနေသူများကို ၁၅ မိနစ်အတွင်း လူစုခွဲရန် ရဲတပ်ဖွဲ့က ကြေညာနေကြောင်း သိရသည်။
ယနေ့(ဖေဖော်ဝါရီ ၈ ရက်) နံနက်ပိုင်းတွင် နေပြည်တော်၌် ဆန္ဒပြသူများသည် သပြေကုန်အဝိုင်းတွင် ဆန္ဒပြခဲ့ကြပြီး မွန်းလွဲပိုင်းတွင် လူစုခွဲခဲ့သည်။ ထို့နောက် မွန်းလွဲ ၃ နာရီခန့်တွင် သပြေကုန်းအဝိုင်းသို့ ပြန်လည်လာရောက် စုဝေးကြရာ ရဲတပ်ဖွဲ့က သပြေကုန်းအဝိုင်းတစ်ဝိုက်တွင် လုံခြုံရေးတင်းကြပ်စွာချ၍ တားမြစ်ထားသည်။
လက်ရှိအချိန်တွင် ဆန္ဒပြသူများသည် သပြေကုန်းအဝိုင်းသို့ သွားရောက်၍မရဘဲ အောင်သပြေရုပ်ရှင်ရုံ ရှေ့တွင် ရဲတပ်ဖွဲ့၏ အတားအဆီးများအနီးတွင် ဆက်လက်ဆန္ဒပြလျက်ရှိသည်။
ထို့သို့ဆန္ဒပြမှုများကို ၁၅ မိနစ်အတွင်း လုူစုခွဲရန် ရဲတပ်ဖွဲ့က ကြေညာနေခြင်းဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
