တောင်ကိုရီးယား - သြစတြေးလျ (သောကြာညနေ ၅:၃၀)
တောင်ကိုရီးယားအသင်းက အာရှဖလားပွဲအပြီး ခြေစမ်းပွဲ(၂)ပွဲစလုံး အနိုင်ကစားထားတယ်။ နည်းပြ ပေါ်လိုဘင်တိုအဖို့ အနာဂတ်ဆက်ရှိခဲ့ပေမယ့် အနည်းငယ်တော့ ဖိအားများတဲ့ အခြေအနေပါ။ ဒီပွဲမှာတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားထားတဲ့ ဆွန်ဟောင်မင်ကို အနားပေးသွားဖို့များတယ်။ ဩစတြေးလျရဲ့ခြေစွမ်းကလည်း သိပ်ယုံစားလို့မရပါဘူး။ အိမ်ရှင်ကိုပဲ ရွေးတာပိုကောင်းမယ်။
တရုတ် - ဖိလစ်ပိုင် (သောကြာည ၆:၀၅)
တစ်ကျော့ပြန်နည်းပြ မာဆယ်လိုလစ်ပီရဲ့ ပွဲဦးထွက်ပွဲ ဖြစ်တဲ့အပြင် အိမ်ကွင်းလည်းဖြစ်လို့ တရုတ် အနိုင်ကစားမှာ သေချာပါတယ်။
အိုင်ဗရီကို့စ် - ကိုမိုရော့စ် (သောကြာည ၁၀:၃၀)
အခုပွဲကို ကြားကွင်းဖြစ်တဲ့ ပြင်သစ်မြေမှာ ကစားသွားမှာပါ။ ကစားသမားအင်အားတောင့်တင်းတဲ့ အိုင်ဗရီကို့စ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။
တူနီးရှား - အီရတ် (စနေနံနက် ၀၀:၃၀)
အီရတ်အသင်းက ဘာပြိုင်ပွဲမှမရှိဘဲ တူနီးရှားကတော့ အာဖရိကနိုင်ငံများဖလားအတွက် ပြင်ဆင်နေတဲ့အသင်းပါ။ ကစားရမှာကလည်း တူနီးရှားမြေဖြစ်နေတယ်။ တူနီးရှား အနိုင်သေချာပါတယ်။
ဆလိုဗက်ကီးယား - ဂျော်ဒန် (စနေနံနက် ၁:၀၀)
ဆလိုဗက်ကီးယားအသင်းက ဒီပွဲပြီးရင် ယူရိုခြေစစ်ပွဲရှိပေမယ့် အဇာဘိုင်ဂျန်နဲ့မို့ ပွဲသိပ်မကျပ်ပါဘူး။ ဒါကြောင့် အိမ်ကွင်းပွဲမှာ ဖိဖိစီးစီးကစားဖို့ရှိနေပြီး ခြေစွမ်းလည်းသာတဲ့ ဆလိုဗက်ကီးယားကိုပဲ ရွေးချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
