မန်စီးတီးအသင်းသည် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့ကြောင်း စွဲချက်တင်ထားခြင်းကို နိုင်ငံတကာအားကစားခုံရုံး(CAS)ထံ အယူခံတင်သွင်းလိုက်ကြောင်း သိရှိရသည်။
မန်စီးတီးအသင်းသည် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)၏ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့ကြောင်း စွဲချက်တင်ထားခြင်းကို နိုင်ငံတကာအားကစားခုံရုံး(CAS)ထံ အယူခံတင်သွင်းလိုက်ကြောင်း သိရှိရသည်။
မန်စီးတီးအသင်းသည် UEFA မှ ချ မှတ်ထားသော ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်းကိုလိုက်နာခြင်းမရှိခဲ့ဘဲ အသင်းပိုင်ရှင်ထံမှ ငွေကြေးများဖြင့် လက်တစ်လုံးခြားလှည့်စားခဲ့ကြောင်း ဂျာမန်သတင်းစာ Der Spiegel က ဖော်ထုတ်ရေးသားခဲ့သဖြင့် UEFA က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် ၂၀၁၄ ခုနှစ်ကလည်း ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့ခြင်းကြောင့် ကစားသမားတစ်ဦးအတွက် ပြောင်းရွှေ့ကြေး ပေါင်(၄၉)သန်းထက် ပိုသုံးစွဲခြင်းမပြုရသည့်ပြစ်ဒဏ်နှင့် ချန်ပီယံလိဂ် ပြိုင်ပွဲဝင်လူစာရင်းတွင် ကစားသမား(၂၁)ဦးဖြင့်သာ ဖွဲ့စည်းရန် ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။
ယခုနောက်ဆုံးစွဲချက်တွင်မူ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါက ချန်ပီယံလိဂ်ပြိုင်ပွဲကို အနည်းဆုံးတစ်ရာသီ ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်း သိရှိရသည်။
ထို့ကြောင့် မန်စီးတီးအသင်း၏ တာဝန်ရှိသူများက CAS ထံ အယူခံတင်သွင်းခဲ့ပြီး ၄င်းတို့တွင် အပြစ်မရှိကြောင်း ပြသသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ UEFA နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် မန်စီးတီးအသင်းအနေဖြင့် စွန့်စားခန်းဖွင့်လိုက်ခြင်းဖြစ်ပြီး အကယ်၍ အပြစ်ကင်းကြောင်း မပြသနိုင်ခဲ့ပါက ထပ်တိုးပြစ်ဒဏ်များ ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရှိရသည်။
မန်စီးတီးအသင်း အယူခံဝင်ခဲ့ခြင်းနှင့်ပတ်သက်၍ CAS က "UEFA ဘဏ္ဍာရေးထိန်းသိမ်းကွပ်ကဲမှုအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ထိပ်တိုက်ရင်ဆိုင်ဖို့ မန်စီးတီးအသင်းက အယူခံတင်သွင်းလိုက်ပါတယ်။ ခုံရုံးအနေနဲ့ ဒီအယူခံကို လက်ခံပြီး လိုအပ်တာတွေ စတင်လုပ်ဆောင်သွားမှာပါ"ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ အယူခံတင်သွင်းလိုက်ခြင်းကြောင့် မန်စီးတီးအသင်းအနေဖြင့် UEFA မှ အရေးယူမည့်အခြေအနေကို အ ချိန်ကာလတစ်ခုအထိ ရွှေ့ဆိုင်းထားနိုင်ခဲ့သည်။ ထို့ကြောင့် မန်စီးတီးအသင်း အယူခံရှုံးနိမ့်ခဲ့ပါက ၂၀၂၀-၂၁ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ဟု ဘောလုံးလေ့လာသူများက သုံးသပ်ခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
