ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုသည် ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံရသဖြင့် ၂၀၂၃ ခုနှစ်အထိ ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ဇွန် ၅ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပသည့် ၆၉ ကြိမ်မြောက် FIFA ကွန်ဂရက်တွင် အင်ဖန်တီနိုအား ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းရာထူးအတွက် အင်ဖန်တီနိုနှင့် ယှဉ်ပြိုင်ရွေးချယ်မည့်သူ မရှိသဖြင့် ပြိုင်ဘက်မရှိဘဲ ဒုတိယသက်တမ်း ထပ်မံဆောင်ရွက် ခွင့်ရခြင်းလည်းဖြစ်သည်။ FIFA ကွန်ဂရက်သို့ အဖွဲ့ဝင် ၂၁၁ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အင်ဖန်တီနိုက ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံရသဖြင့် ဝမ်းသာကြောင်းနှင့် ၎င်းစ တင်ရွေးချယ်ခံရသည့် အချိန်နှင့်နှိုင်းယှဉ်ပါက တိုးတက်မှုများစွာရှိလာကြောင်း သုံးသပ်ပြောကြားသည်။“ဒီနေ့ အချိန်မှာ ဘယ်သူမှ ဒုက္ခတွေ့နေတယ်လို့ မပြောကြဘူး။ ပျက်စီးနေတဲ့ FIFA အဖွဲ့အစည်းကြီးကို ပြုပြင်ပြောင်းလဲရမယ်လို့ ဘယ်သူမှမပြောကြဘူး။ ကျော်မကောင်း ကြားမကောင်း ဟိုးလေးတကျော်ကိစ္စတွေအကြောင်း ဘယ်သူမှမပြောကြဘူး။ ခြစားမှုတွေအကြောင်း ဘယ်သူမှမပြောကြဘူး။ ကျွန်တော်တို့အားလုံး ဘောလုံးအကြောင်းပဲ ပြောနေကြပါတယ်။ ဒါဟာ အနည်းဆုံးတော့ ကျွန်တော်တို့ ပြောင်းလဲလိုက်နိုင်တဲ့ အချိုး အကွေ့ပဲလို့ ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်နဲ့ လေးလအတွင်းမှာ ဒီအဖွဲ့အစည်းက ရာဇဝတ်မှုတွေ ဖုံးလွှမ်းလုနီးပါးအခြေအနေ၊ အဆိပ်အတောက်တွေနဲ့ ဖြတ်သန်းနေရတဲ့ အခြေအနေကနေ ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဘောလုံးလောကကို အကျိုးပြုတဲ့ အဖွဲ့အစည်းဖြစ်လာနေပါပြီ” ဟု အင်ဖန်တီနိုက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
