လီဗာပူးလ်အသင်းတောင်ပံကစားသမား ရှာကီရီက မိမိအနေဖြင့် ပုံမှန်ပွဲထွက်ခွင့်မရသော်လည်း အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းတောင်ပံကစားသမား ရှာကီရီက မိမိအနေဖြင့် ပုံမှန်ပွဲထွက်ခွင့်မရသော်လည်း အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၇) နှစ်အရွယ်ရှိ ဆွစ်ဇာလန်တောင်ပံကစားသမား ရှာကီရီသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက ပြိုင်ပွဲစုံပွဲ (၃၀) ပွဲကစားခဲ့ရာတွင် (၇) ပွဲသာ ပွဲချိန်ပြည့်ကစားခဲ့ရသည်။
လီဗာပူးလ်အသင်းတွင် ဆာလာ၊ မာနေတို့၏ အရန်အဖြစ်သာ ပွဲထွက်ခွင့်ရသော်လည်း ရှာကီရီက မိမိအနေဖြင့် အသင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ခွင့်ရသည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။
ရှာကီရီက "ဥရောပရဲ့ အကောင်းဆုံးအသင်းဖြစ်တဲ့ လီဗာပူးလ်အသင်းမှာ ကျွန်တော် ကစားနေတာပါ။ ကစားသမားတွေကို ရွေးချယ်ပွဲထုတ်တာက အသင်းနည်းပြရဲ့ အလုပ်ပါ။ လီဗာပူးလ်ကို မလာခင်ကတည်းက ပုံမှန်ပွဲထွက်ခွင့်ရဖို့ ခက်ခဲမယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော် လီဗာပူးလ်အသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားပါ။ လာမယ့်ရာသီမှာ လီဗာပူးလ်အသင်းမှာပဲ ကျွန်တော် သေချာပေါက် ဆက်ရှိနေမှာပါ"ဟု ပြောကြားခဲ့သည်။
ရှာကီရီသည် ၂၀၁၈ ခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် စတုတ်စီးတီးအသင်းမှ လီဗာပူးလ်အသင်းသို့ ယူရို (၁၃.၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။
ရှာကီရီသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၃၀)တွင် (၆) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
