မန်စီးတီးအသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် အက်သလက်တီကိုကွင်းလယ်လူ ရိုဒရီက မိမိအနေဖြင့် အနာဂတ်နှင့် ပတ်သက်ပြီး အာမခံချက်မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေသည့် အက်သလက်တီကိုကွင်းလယ်လူ ရိုဒရီက မိမိအနေဖြင့် အနာဂတ်နှင့် ပတ်သက်ပြီး အာမခံချက်မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၂) နှစ်အရွယ် စပိန်ကွင်းလယ်လူ ရိုဒရီသည် ယင်းစကားကို ဇွန်လ (၄) ရက်နေ့က စပိန်အသင်း၏လေ့ကျင့်ရေးကွင်းတွင် Cuatro ရုပ်သံနှင့် တွေ့ဆုံရာ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရိုဒရီက "ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးဖို့ အသင်းကို တောင်းဆိုထားပါတယ်။ အခုအချိန်မှာ အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော် အာမ မခံနိုင်ပါဘူး။ အခု ကျွန်တော် ပြောနိုင်တာက အသင်းနဲ့စာချုပ်ရှိတယ်။ အသင်းမှာ ပျော်နေတယ်ဆိုတာလောက်ပါပဲ။ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး" ဟု ပြောကြားခဲ့သည်။
ရိုဒရီသည် အက်သလက်တီကိုအသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး လျော်ကြေးမှာ ယူရိုသန်း (၇၀) ဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ရိုဒရီကို သဘောကျနေပြီး ယခုနွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူသွားရန် စီစဉ်နေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြပြီး ယခု ရိုဒရီ၏ပြောစကားများမှာ မန်စီးတီးအသင်းကို မီးစိမ်းပြလိုက်ခြင်းဖြစ်သည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
