အာဆင်နယ်အသင်းပရိသတ်များသည် အသင်းတိုက်စစ်မှူး အူဘာမီယန်းအား ရောင်းချပြီး အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် အလိုရှိနေကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းပရိသတ်များသည် အသင်းတိုက်စစ်မှူး အူဘာမီယန်းအား ရောင်းချပြီး အသင်းကို အင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် အလိုရှိနေကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
တရုတ်ကလပ်များသည် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းအား ပေါင်သန်း (၈၀)ဖြင့် ခေါ်ယူရန် ဆန္ဒရှိနေပြီး တစ်ပတ်လစာကိုလည်း ပေါင် (၃) သိန်းအထိ ပေးချေမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ယင်းသတင်းထွက်ပေါ်လာပြီးနောက် အာဆင်နယ်အသင်းပရိသတ်များသည် လာမည့် ဇွန်လ (၁၈) ရက်တွင် အသက် (၃၀) ပြည့်တော့မည့် အူဘာမီယန်းအား ရောင်းချကာ အသင်းကိုအင်အားဖြည့်တင်းရန် လူမှုကွန်ရက်များတွင် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
အာဆင်နယ်အသင်းပရိသတ်တစ်ဦးက "အသက် (၃၀) ကစားသမားတစ်ဦးအတွက် ပေါင်သန်း (၈၀) တဲ့လား။ ရောင်းလိုက်စမ်းပါ"ဟု Twitter တွင် ရေးသားခဲ့သလို၊ အခြားပရိသတ်တစ်ဦးကလည်း "ရောင်းလိုက်ပါ။ ဒါမှ လူဝယ်ဖို့အဆင်ပြေမှာ။ ပြီးတော့ ငါတို့ဟာ လာကာဇက်တီ ရှိတယ်"ဟု ရေးသားခဲ့သည်။
ထို့ုပြင် အခြားအာဆင်နယ်ပရိသတ်များကလည်း ပေါင်သန်း (၈၀) ဖြင့် ဆိုပါက အူဘာမီယန်းကို ရောင်းချသင့်ကြောင်းနှင့် အားနည်းလွန်းသည့် အသင်းနောက်တန်းကို အင်အားဖြည့်တင်းရန် အာဆင်နယ်အသင်းကို တိုက်တွန်းခဲ့ကြသည်။
အူဘာမီယန်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်တွင် (၂၂) ဂိုး သွင်းယူပြီး လီဗာပူးလ်တိုက်စစ်ကစားသမားများဖြစ်သည့် မာနေ၊ ဆာလာတို့နှင့်အတူ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
