လီဗာပူးလ်အသင်းသည် ယခုနွေတွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ကြသည့် တိုက်စစ်မှူး စတာရစ်ချ်နှင့် ဘယ်နောက်ခံလူ မော်ရီနိုတို့ကို အသင်းမှထွက်ခွာခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဇွန်လ (၃) ရက်က ကြေညာခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုနွေတွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ကြသည့် တိုက်စစ်မှူး စတာရစ်ချ်နှင့် ဘယ်နောက်ခံလူ မော်ရီနိုတို့ကို အသင်းမှထွက်ခွာခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဇွန်လ (၃) ရက်က ကြေညာခဲ့သည်။
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က စတာရစ်ချ်နှင့် မော်ရီနိုတို့ကို ကျေးဇူးတင်စကားဆိုခဲ့ပြီး ၎င်းတို့ (၂) ဦးမှာ အသင်းအတွက် များစွာအကူအညီပေးခဲ့ကြောင်း အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။
ကလော့ပ်က "စတာရစ်ချ်နဲ့ မော်ရီနိုတို့ကို ကျွန်တော် ပြောချင်တဲ့အရေးအကြီးဆုံးစကားက ကျေးဇူးတင်တယ်ဆိုတာပါပဲ။ ကျွန်တော် လီဗာပူးလ်အသင်းကို စရောက်လာတုန်းက သူတို့ဟာ အများကြီးအကူအညီပေးခဲ့ကြပါတယ်။ အသင်းအနေနဲ့ လမ်းပေါ်မှန်ပေါ်အောင် သူတို့ ကူညီခဲ့ကြပါတယ်။ သူတို့မရှိဘဲ လီဗာပူးလ်အသင်းဟာ အခုအခြေအနေမျိုးကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။
အသက် (၂၉) နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး စတာရစ်ချ်သည် ၂၀၁၃ ခုနှစ်က ချယ်လ်ဆီးအသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၁၆၀) တွင် (၆၇) ဂိုး သွင်းယူနိုင်ခဲ့သည်။
စတာရစ်ချ်သည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၂၇) ပွဲတွင် (၄) ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်များက စိတ်ဝင်စားနေကြကြောင်း သိရသည်။
စပိန်ဘယ်နောက်ခံလူ မော်ရီနို (၂၆ နှစ်)မှာမူ ၂၀၁၄ ခုနှစ်က ဆီဗီလာအသင်းမှ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၄၁) ပွဲအထိ ကစားခဲ့သူဖြစ်သည်။
မော်ရီနိုသည် ကလော့ပ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း အမှားများလွန်းသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ရောဘတ်ဆန်ရောက်လာပြီးနောက်တွင် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သူဖြစ်သည်။ မော်ရီနိုအား အသင်းဟောင်း ဆီဗီလာအသင်းက ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
