ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်ချုပ် ရူမင်နစ်ဂီက ရီးယဲလ်အသင်းမှ အငှားခေါ်ယူထားသည့် ကိုလံဘီယာကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို အပြီးသတ်ခေါ်ယူမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်ချုပ် ရူမင်နစ်ဂီက ရီးယဲလ်အသင်းမှ အငှားခေါ်ယူထားသည့် ကိုလံဘီယာကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို အပြီးသတ်ခေါ်ယူမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက် (၂၇) နှစ်အရွယ်ရှိ ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ၂၀၁၇ ခုနှစ်က ရီးယဲလ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ (၂) ရာသီအငှားစာချုပ်ဖြင့် လာရောက်ကစားခဲ့သူဖြစ်သည်။
ယင်းအငှားစာချုပ်တွင် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ယူရို (၄၂) သန်းဖြင့် အပြီးသတ်ခေါ်ယူခွင့်ရှိသည်ဆိုသော အချက်ပါဝင်ကြောင်း သိရသည်။
သို့သော် ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကိုဗက်က ဟာမီးစ်ရိုဒရီဂွက်ဇ်ကို နှစ်သက်ခြင်းမရှိသလို၊ ဟာမီးစ်ရိုဒရီဂွက်ဇ်ကိုယ်တိုင်ကလည်း အသင်းမှထွက်ခွာခွင့်တောင်းဆိုခဲ့ကြောင်း ရူမင်နစ်ဂီက ပြောကြားခဲ့သည်။
ရူမင်နစ်ဂီက "ကျွန်တော် ဟာမီးစ်နဲ့ အနာဂတ်အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ သူက အသင်းကထွက်ခွာချင်တယ်လို့ ပြောကြားခဲ့ပြီး အပြီးသတ်မခေါ်ယူဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရီးယဲလ်အသင်းက ဟာမီးစ်ကို ယူရို (၄၂) သန်းခေါ်ပြီး အမြတ်တင် ပြန်ရောင်းလို့ရပေမယ့် အဲဒီလိုလုပ်စားဖို့ ဆန္ဒမရှိပါဘူး"ဟု ပြောကြားခဲ့သည်။
သို့သော် ရူမင်နစ်ဂီက ဟာမီးစ်ရိုဒရီဂွက်ဇ်မှာ မိမိအလွန်နှစ်သက်သည့် ကစားသမားဖြစ်သောကြောင့် အသင်းမှထွက်ခွာသွားခြင်းကို စိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောကြားခဲ့သည်။
ဟာမီးစ်ရိုဒရီဂွက်ဇ်သည် ဘိုင်ယန်မြူးနစ်အသင်းတွင် (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၆၇) ပွဲတွင် (၁၅) ဂိုးသွင်းယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
