ချယ်လ်ဆီးအသင်းသည် အသင်းနည်းပြ ဆာရီအား လမည့်ရက်ပိုင်းအတွင်း ရာထူးမှထုတ်ပယ်ဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ချယ်လ်ဆီးအသင်းသည် အသင်းနည်းပြ ဆာရီအား လမည့်ရက်ပိုင်းအတွင်း ရာထူးမှထုတ်ပယ်ဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဆာရီသည် ယခင်က မိမိအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကိုနှစ်သက်ပြီး ချယ်လ်ဆီးအသင်းတွင် ဆက်လက်ရှိနေလိုသည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန်မဂ္ဂဇင်း Vanity Fair နှင့်တွေ့ဆုံရာတွင် မိမိအနေဖြင့် အီတလီနိုင်ငံသို့ ပြန်လိုကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းသည် ချယ်လ်ဆီးနည်းပြ ဆာရီအား စိတ်ဝင်နေပြီး ၎င်းကို ခေါ်ယူနိုင်ရန်အတွက် ချယ်လ်ဆီးအသင်းထံ လျော်ကြေးပေါင်(၅)သန်းပေးရန် စီစဉ်နေကြောင်း သိရှိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ချယ်လ်ဆီးအသင်းမှ အီတလီနောက်ခံလူ အီမာဆန်ကိုလည်း ခေါ်ယူရန် ပစ်မှတ်ထားနေပြီး အီမာဆန်၏ ပြောင်းရွှေ့ကြေးငွေတွင် ဆာရီအတွက် လျော်ကြေးငွေကို ထပ်ပေါင်းပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။
ဆာရီသည် ရာသီကုန်ဆုံးပြီဖြစ်၍ ယခုရက်ပိုင်းအတွင်း အီတလီနိုင်ငံ၊ တူစကန်နီရှိ သူ၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဗြိတိန်သတင်းစာ Daily Mail ၏ ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းအားကစားဒါရိုက်တာ ဖာဘီယိုပါရာတီချီနှင့် ဆာရီတို့သည် နည်းပြစာချုပ်ချုပ်ဆိုရန်အတွက် အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အဂ္ဂါနယ်လီနှင့် ဒုတိယဥက္ကဋ္ဌ နက်ဗက်တို့သည် မကြာသေးမီက လန်ဒန်မြို့သို့ရောက်ရှိလာခဲ့ရာ ဆာရီနှင့် အကြမ်းဖျင်းတွေ့ဆုံဆွေးနွေးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ထိုစဉ်က ဆာရီအား တစ်နှစ်လစာငွေ ပေါင်(၆.၂)သန်းနှင့် (၃)နှစ်စာချုပ်ချုပ် ဆိုရန် အကြိုသဘောတူညီမှုရရှိခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
